ကောင်း၊လှီပြိုင်ပွဲ (ခေါ်)ပြိုင်လောင်းပြိုင်ပွဲကိုလည်းကောင်း ရာသီပွဲများအဖြစ်ကျင်းပလေ့ဟိသည်။ ဤဆော
င်းပါး၌ ပြိုင်လောင်းပွဲသဘင် ဆင်ယင်ကျင်းပပုံကို တင်ပြလိုပါသည်။ ပြိုင်လောင်းပွဲကို သင်္ကြန်လတွင်ကျင်း ပ
ကြောင်း စာဆိုဥက္ကာပျံ ရွှန်းလိုက်ရတု၌ "ရက္ခမှန်ဖူး၊ မြောက်ဦးရွှီပြည်သာ၌ များစွာသည် ရွှီလှီပေါင်း
သိင်္ဂနဒီနန်းတောင်ဆီဝယ် ရွှီလှီမင်းဆိပ်ချောင်း၌ တသောင်းသောင်းပျော်စဉ်တွင် တူစုံရှုကြည့်ချင်
သည် သင်္ကြန်အခါတည်းလေ" ဟု ရွီးဖွဲ့ထားသည်ကိုတွိရသည်သာမက တန်းခိုးဆရာထွန်းကြီးကလည်း -
"လှီပွဲသဘင်၊ ရီထဲတွင်၌ ၊ ပျော်ရွှင်မြူးထူး၊ မင်းလွင်ကျူးလျှက်၊ တန်ခူးခါမှီ၊လရာသီဝယ်၊ လော
ကီဘာသာ၊ဓမ္မတာဖြင့်၊ နာဝါချင်းယှဉ်၊ လောင်းချင်းပြိုင်လျှက်၊ငါနိုင်သူယှုံး၊တပြုံးပြုံးနှင့်၊ဖက်နှုန်း
လှီလှော်၊ ရီအပေါ်၌၊ရွှင်ကာပျော်မွိ၊ လုပ်ကြံမိအောင်၊ လှီဖွဲ့သံချို၊ ဆိုသူတဖြာ၊ လှော်သူတဝ၊ ကသူ
အပေါင်း၊ တသောင်းသောင်းနှင့်၊ မောင်းတဟီးဟီး၊ခတ်တီးမညံ၊အာင်လံဝီဝီ၊ ပြိုင်လှီပြိုင်လောင်း၊
ရီချောင်းမလပ်၊ ပရိသတ်များ၊ ပွဲကြည့်သားရို့" ဟူ၍ စပ်ဆိုထားခသည်။ ပြိုင်လောင်းပြိုင်ပွဲကို သင်္ကြန်
(သို့မဟုတ်) သင်္ကြန်လွန်၍ ကဆုန်ညောင်ရီမသွန်းမှီကာလအတွင်း ကျင်းပရခြင်း၏အကြောင်းမှာ လူထုပွဲ
လမ်းသဘင်အားဖြင့် လူထုအားလပ်ချိန်ကို ရွီးချယ်ရခြင်းဖြစ်သည်။