ရခိုင်လူငယ်များအဖွဲ့ (Arakan Youths Organization)
ဂျပန်နိုင်ငံ
Kanda University ၏ သမိုင်းပါမောက္ခ ဒေါက်တာအေးချမ်းနှင့်
ရခိုင်ပြည်နယ်ကိုယ်စားပြု ရခိုင်လူမှုရေး အသင်းအဖွဲ့များသည် မတ်လ ၁၄ ရက်နေ့က
ရန်ကုန်မြို့၊ MICT Park (လှိုင်တက္ကသိုလ်ဝင်း) ၌ တွေ့ဆုံခဲ့ကြသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် သမိုင်းပါမောက္ခ ဒေါက်တာအေးချမ်းက ရခိုင်သမိုင်းကြောင်းများ၊ ဘင်္ဂါလီ၊ ရိုဟင်ဂျာ အစရှိသည်တို့နှင့် စပ်လျဉ်းသော အကြောင်းအရာများကို ဟောပြောဆွေးနွေးခဲ့သည်။
ရိုဟင်ဂျာလူမျိုးဆိုသည်မှာ သမိုင်းတွင် မရှိကြောင်း၊ သမိုင်းဆရာဆိုသည်မှာ မျိုးချစ်စိတ်အစွဲဖြင့် မှတ်ယူ၍ မရသလို မဟုတ်တာကိုလည်း ပြောလို့မရကြောင်း၊ အထောက်အထားမရှိဘဲ မည်သည့်အရာကိုမှ ပြောလို့မရကြောင်း၊ ယခုသမိုင်းများကို ရေးသည့်အခါတွင် မျိုးချစ်စိတ်ကို ဖယ်ထားကာ အမှန်တရားကို တင်ပြနိုင်ရန် ကြိုးစားပါကြောင်း၊ လူမျိုးဖက်ကို လိုက်ပြီး ပြောခြင်းကို ဘယ်တော့မှ မလုပ်ကြောင်း စသည်ဖြင့် ဒေါက်တာအေးချမ်းက ပြောသည်။
ဒေါက်တာအေးချမ်းက "ရိုဟင်ဂျာလူမျိုးဆိုတာ မြန်မာနိုင်ငံသမိုင်းမှာ ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။ ဒီအတိုင်း ကျွန်တော်အမြဲကြေညာခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော် လူ့အခွင့်အရေးကို မလေးစားတဲ့သူ မဟုတ်ပါဘူး။ လူ့အခွင့်အရေးကို မလေးစားတဲ့ စကားလည်း တစ်ခွန်းမှ မပြောပါဘူး။ ကျွန်တော့်မှာ အထောက်အထား ခိုင်လုံစွာ ရှိပါတယ်" ဟု ပြောသည်။
ယခု အဖြစ်အပျက်များသည် ဗြိတိသျှ ကိုလိုနီဘ၀တွင် အနှစ်တစ်ရာကျော် နေခဲ့ရသည့်စနစ်၏ ဆိုးမွေတစ်ခုဖြစ်ကြောင်း၊ ဗြိတိသျှလက်ထက်တွင် ချောင်ဒရီစနစ်ဟုခေါ်သည့် လယ်ယာမြေကို တောများကို ခုတ်ထွင်ရှင်းလင်းပြီး လယ်ယာမြေလုပ်ခွင့်ပေးကာ ၁၀ နှစ်တိတိ အခွန်မဆောင်ရသည့် စနစ်ကို ကျင့်သုံးခဲ့ကြောင်း၊ ယင်းအတွက်ကြောင့် ကိုလိုနီလက်အောက်ခံ ဆန်စပါးကုမ္ပဏီများသည် စစ်တကောင်းသားများကို ရခိုင်ကို သွားခိုင်းကြောင်း၊ အကျိုးအမြတ်များစွာ ရရှိသည့်အတွက် စစ်တကောင်းသားများစွာ ရခိုင်ပြည်နယ်သို့ ရောက်ရှိလာကြောင်း စသည်ဖြင့်လည်း ၎င်းက ပြောသည်။
"ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေဟာ ရုတ်တရက်ထပြီး ပေါက်ကွဲခဲ့တာ မဟုတ်ပါဘူး။ တစ်ငွေ့ငွေ့လောင်နေတဲ့ မီးပါ။ ဒီလို တစ်ငွေ့ငွေ့လောင်တဲ့ မီးဟာ အနှစ် ၇၀ ကျော်လာပါပြီ။ ဒါကို ကျွန်တော်တို့က သတိမရဘဲ မေ့မေ့လျော့လျော့ နေခဲ့ကြတယ်။ တစ်ချိန်မှာ ဖြစ်လာမယ်ဆိုတာကို မတွေးမိခဲ့ကြဘူး။ အခု ထပေါက်ကွဲလာတော့မှ အလွန် စိတ်မချမ်းသာစရာ အဖြစ်မျိုးလို့ ဆိုရမယ်။ ဒီကာလမှာ ဒီလိုချိန်ကိုက်ဗုံးမျိုး ပေါက်ကွဲလာမယ်လို့ မျှော်လင့်မထားခဲ့ပါဘူး" ဟုလည်း ၎င်းက ဆိုသည်။
ရခိုင်ပြည်နယ်အတွင်း ဌာနေရခိုင်လူမျိုးများနှင့် ဘင်္ဂါလီများ အတူယှဉ်တွဲ နေထိုင်ရန် ပြောဆိုမှုများနှင့် ပတ်သက်၍ "ဘာသာရေးစစ်ပွဲ (ဂျီဟတ်စ်) ဆင်နွှဲဖို့ ပိုက်ဆံတွေ လှူကြပါ။ ဘာသာရေး စစ်ပွဲအတွက်ဆိုပြီး ဒီလက်ကမ်းစာစောင်တွေကို အစ္စလာမ်မစ်နိုင်ငံတွေမှာ ဝေပါတယ်။ ပိုက်ဆံထည့်ဖို့အတွက် ဘဏ်အကောင့်တွေ ပေးထားတယ်။ စစ်တကောင်းနဲ့ ဒါရ်ကာမှာရှိတဲ့ ဘဏ်တွေက ဘဏ်အကောင့်တွေပါ။ အဲဒီတော့ ဒီလိုအကြံအစည်မျိုးရှိတဲ့ လူတွေက ကျွန်တော်တို့ ရခိုင်လူမျိုးတွေနဲ့ ငြိမ်းချမ်းစွာ အတူနေထိုင်ချင်ပါတယ်၊ ညီအစ်ကိုလို နေချင်ပါတယ်လို့ဆိုရင် ဒီမှာ ယုံတဲ့သူ ပါသလား" ဟု တွေ့ဆုံပွဲသို့ တက်ရောက်လာသူများအား မေးခွန်းထုတ်ခဲ့သည်။
ရိုဟင်ဂျာ စကားလုံးနှင့် ပတ်သက်၍လည်း ဒေါက်တာအေးချမ်းက ရိုဟင်ဂျာဆိုသည့် စကားသည် ၁၉၅၁ ခုနှစ်တွင် ဘူးသီးတောင်မြို့နယ် လူမျိုးစု လွှတ်တော်ကိုယ်စားလှယ် မစ္စတာ အဘူဂဖားက ဂါးဒီးယန်းသတင်းစာ၌ ဆောင်းပါးတစ်ပုဒ်ရေးရာတွင် ဘူးသီးတောင်၊ မောင်းတောတွင်ရှိသော မွတ်စလင်များသည် တစ်ဖက်နိုင်ငံမှ ခိုးဝင်လာသော သူများမဟုတ်ဘဲ ဟိုးရှေးပဝေသဏီ ရှေးရာစုကတည်းက အာရပ်လူမျိုးများ သင်္ဘောပျက်ကာ ရခိုင်ကမ်းခြေတွင် တင်ကျန်ပြီး အခြေစိုက် ဆင်းသက်လာသည်ဟု ရေးခဲ့ကြောင်း၊ ပိုနာသည့် နောက်တစ်ချက်မှာ ၎င်းတို့သည် ဒေသခံ ရခိုင်အမျိုးသမီးများနှင့် အိမ်ထောင်ကျပြီးမှ ရိုဟင်ဂျာဆိုပြီး ဆင်းသက်လာခြင်းဖြစ်ကြောင်း၊ ဖြစ်နိုင်ပါ့မလားဆိုသည်ကို စဉ်းစားကြစေချင်ကြောင်းလည်း ဒေါက်တာအေးချမ်းက ဆက်ပြောပါသည်။
"ဒါကို ကျွန်တော်နဲ့ ပြင်သစ်သမိုင်းပညာရှင် ဂျက်လိုင်ဒါတို့က ပြန်လည်ချေပဖူးပါတယ်။ အာရပ်သင်္ဘော ပျက်တယ်ဆိုတာဟာ ခိုင်မာတဲ့ အထောက်အထား မဟုတ်ပါဘူး။ ကျွန်တော်တို့ သမိုင်းပညာရှင်တွေဆိုတာ Primary Sources လို့ခေါ်တဲ့ မူရင်းအထောက်အထားကိုပဲ ကိုင်ပြီးပြောပါတယ်။ Secondary Sources ဆိုတာ အလွန်သံသယဖြစ်ဖို့ ကောင်းပါတယ်။ နောက်ထပ်က လုပ်ကြံတာလဲ ဖြစ်နိုင်ပါတယ်" ဟု ၎င်းက ဆက်ရှင်းပြခဲ့သည်။
ပွဲအပြီးတွင် ဒေါက်တာအေးချမ်းက မေးခွန်းများကို ပြန်လည်ဖြေကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး
ဦးဇော်အေးမောင်က နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ရာတွင်
"ဒီလိုမျိုးပွဲမျိုး များများလုပ်ပေးမှ သမိုင်းအမှန်ကို
ကိုယ့်ရခိုင်လူမျိုးတွေလည်း သိမယ်။ ကျန်တဲ့ တိုင်းရင်းသားတွေလည်း သိမယ်။
ကျွန်တော့်ကို မေးပါတယ်။ ဒီလိုပွဲမျိုး လုပ်တာဟာ ရခိုင်ပဋိပက္ခကို
ပိုကြီးစေချင်လို့လားတဲ့။ မဟုတ်ပါဘူး။ ဒီလိုပွဲမျိုး လုပ်တဲ့အတွက်
ပဋိပက္ခတွေက ပိုပြီးတော့တောင် ငြိမ်သွားပါဦးမယ်။ ကျွန်တော် မွတ်စလင်
လူငယ်တစ်ယောက်နဲ့ တွေ့ပါတယ်။ ရခိုင်ပြည်ကပါပဲ။ သူက ရခိုင်ပြည်ဟာ သူ့မြေ၊
သူ့ဒေသလို့ ထင်နေတယ်။ သူတို့တွေဟာ ရခိုင်ပြည်ရဲ့ မြေရှင်တွေလို့ ထင်နေတယ်။
သူ့အသက်က ၂၀ ကျော်လောက်ပဲ ရှိမယ်။ တကယ်ကို ထင်နေတာ။ အဲဒီမှာ ကျွန်တော်က
ကျွန်တော့်မှာရှိတဲ့ သမိုင်းအထောက်အထားတွေ ပြလိုက်တယ်။ မင်းတို့က
ဧည့်သည်တွေ၊ ငါတို့က အိမ်ရှင်တွေ။ မင်းတို့က ဧည့်သည်လိုနေရင် ငါတို့က
အိမ်ရှင်လို မနေနိုင်စရာ အကြောင်းမရှိဘူး။ မင်းတို့က မှားနေတာ။ အဲတော့
ဒီလိုနားလည်မှုကို သူတို့ကိုလည်း ပေးရမယ်။ အဲဒါမှ သူတို့က
အမှန်တရားကိုသိပြီး ပိုပြီးတော့ ငြိမ်သွားမယ်လို့ ယူဆပါတယ်" ဟု ထည့်သွင်း
ပြောကြားသွားသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် သမိုင်းပါမောက္ခ ဒေါက်တာအေးချမ်းက ရခိုင်သမိုင်းကြောင်းများ၊ ဘင်္ဂါလီ၊ ရိုဟင်ဂျာ အစရှိသည်တို့နှင့် စပ်လျဉ်းသော အကြောင်းအရာများကို ဟောပြောဆွေးနွေးခဲ့သည်။
ရိုဟင်ဂျာလူမျိုးဆိုသည်မှာ သမိုင်းတွင် မရှိကြောင်း၊ သမိုင်းဆရာဆိုသည်မှာ မျိုးချစ်စိတ်အစွဲဖြင့် မှတ်ယူ၍ မရသလို မဟုတ်တာကိုလည်း ပြောလို့မရကြောင်း၊ အထောက်အထားမရှိဘဲ မည်သည့်အရာကိုမှ ပြောလို့မရကြောင်း၊ ယခုသမိုင်းများကို ရေးသည့်အခါတွင် မျိုးချစ်စိတ်ကို ဖယ်ထားကာ အမှန်တရားကို တင်ပြနိုင်ရန် ကြိုးစားပါကြောင်း၊ လူမျိုးဖက်ကို လိုက်ပြီး ပြောခြင်းကို ဘယ်တော့မှ မလုပ်ကြောင်း စသည်ဖြင့် ဒေါက်တာအေးချမ်းက ပြောသည်။
ဒေါက်တာအေးချမ်းက "ရိုဟင်ဂျာလူမျိုးဆိုတာ မြန်မာနိုင်ငံသမိုင်းမှာ ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။ ဒီအတိုင်း ကျွန်တော်အမြဲကြေညာခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော် လူ့အခွင့်အရေးကို မလေးစားတဲ့သူ မဟုတ်ပါဘူး။ လူ့အခွင့်အရေးကို မလေးစားတဲ့ စကားလည်း တစ်ခွန်းမှ မပြောပါဘူး။ ကျွန်တော့်မှာ အထောက်အထား ခိုင်လုံစွာ ရှိပါတယ်" ဟု ပြောသည်။
ယခု အဖြစ်အပျက်များသည် ဗြိတိသျှ ကိုလိုနီဘ၀တွင် အနှစ်တစ်ရာကျော် နေခဲ့ရသည့်စနစ်၏ ဆိုးမွေတစ်ခုဖြစ်ကြောင်း၊ ဗြိတိသျှလက်ထက်တွင် ချောင်ဒရီစနစ်ဟုခေါ်သည့် လယ်ယာမြေကို တောများကို ခုတ်ထွင်ရှင်းလင်းပြီး လယ်ယာမြေလုပ်ခွင့်ပေးကာ ၁၀ နှစ်တိတိ အခွန်မဆောင်ရသည့် စနစ်ကို ကျင့်သုံးခဲ့ကြောင်း၊ ယင်းအတွက်ကြောင့် ကိုလိုနီလက်အောက်ခံ ဆန်စပါးကုမ္ပဏီများသည် စစ်တကောင်းသားများကို ရခိုင်ကို သွားခိုင်းကြောင်း၊ အကျိုးအမြတ်များစွာ ရရှိသည့်အတွက် စစ်တကောင်းသားများစွာ ရခိုင်ပြည်နယ်သို့ ရောက်ရှိလာကြောင်း စသည်ဖြင့်လည်း ၎င်းက ပြောသည်။
"ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေဟာ ရုတ်တရက်ထပြီး ပေါက်ကွဲခဲ့တာ မဟုတ်ပါဘူး။ တစ်ငွေ့ငွေ့လောင်နေတဲ့ မီးပါ။ ဒီလို တစ်ငွေ့ငွေ့လောင်တဲ့ မီးဟာ အနှစ် ၇၀ ကျော်လာပါပြီ။ ဒါကို ကျွန်တော်တို့က သတိမရဘဲ မေ့မေ့လျော့လျော့ နေခဲ့ကြတယ်။ တစ်ချိန်မှာ ဖြစ်လာမယ်ဆိုတာကို မတွေးမိခဲ့ကြဘူး။ အခု ထပေါက်ကွဲလာတော့မှ အလွန် စိတ်မချမ်းသာစရာ အဖြစ်မျိုးလို့ ဆိုရမယ်။ ဒီကာလမှာ ဒီလိုချိန်ကိုက်ဗုံးမျိုး ပေါက်ကွဲလာမယ်လို့ မျှော်လင့်မထားခဲ့ပါဘူး" ဟုလည်း ၎င်းက ဆိုသည်။
ရခိုင်ပြည်နယ်အတွင်း ဌာနေရခိုင်လူမျိုးများနှင့် ဘင်္ဂါလီများ အတူယှဉ်တွဲ နေထိုင်ရန် ပြောဆိုမှုများနှင့် ပတ်သက်၍ "ဘာသာရေးစစ်ပွဲ (ဂျီဟတ်စ်) ဆင်နွှဲဖို့ ပိုက်ဆံတွေ လှူကြပါ။ ဘာသာရေး စစ်ပွဲအတွက်ဆိုပြီး ဒီလက်ကမ်းစာစောင်တွေကို အစ္စလာမ်မစ်နိုင်ငံတွေမှာ ဝေပါတယ်။ ပိုက်ဆံထည့်ဖို့အတွက် ဘဏ်အကောင့်တွေ ပေးထားတယ်။ စစ်တကောင်းနဲ့ ဒါရ်ကာမှာရှိတဲ့ ဘဏ်တွေက ဘဏ်အကောင့်တွေပါ။ အဲဒီတော့ ဒီလိုအကြံအစည်မျိုးရှိတဲ့ လူတွေက ကျွန်တော်တို့ ရခိုင်လူမျိုးတွေနဲ့ ငြိမ်းချမ်းစွာ အတူနေထိုင်ချင်ပါတယ်၊ ညီအစ်ကိုလို နေချင်ပါတယ်လို့ဆိုရင် ဒီမှာ ယုံတဲ့သူ ပါသလား" ဟု တွေ့ဆုံပွဲသို့ တက်ရောက်လာသူများအား မေးခွန်းထုတ်ခဲ့သည်။
ရိုဟင်ဂျာ စကားလုံးနှင့် ပတ်သက်၍လည်း ဒေါက်တာအေးချမ်းက ရိုဟင်ဂျာဆိုသည့် စကားသည် ၁၉၅၁ ခုနှစ်တွင် ဘူးသီးတောင်မြို့နယ် လူမျိုးစု လွှတ်တော်ကိုယ်စားလှယ် မစ္စတာ အဘူဂဖားက ဂါးဒီးယန်းသတင်းစာ၌ ဆောင်းပါးတစ်ပုဒ်ရေးရာတွင် ဘူးသီးတောင်၊ မောင်းတောတွင်ရှိသော မွတ်စလင်များသည် တစ်ဖက်နိုင်ငံမှ ခိုးဝင်လာသော သူများမဟုတ်ဘဲ ဟိုးရှေးပဝေသဏီ ရှေးရာစုကတည်းက အာရပ်လူမျိုးများ သင်္ဘောပျက်ကာ ရခိုင်ကမ်းခြေတွင် တင်ကျန်ပြီး အခြေစိုက် ဆင်းသက်လာသည်ဟု ရေးခဲ့ကြောင်း၊ ပိုနာသည့် နောက်တစ်ချက်မှာ ၎င်းတို့သည် ဒေသခံ ရခိုင်အမျိုးသမီးများနှင့် အိမ်ထောင်ကျပြီးမှ ရိုဟင်ဂျာဆိုပြီး ဆင်းသက်လာခြင်းဖြစ်ကြောင်း၊ ဖြစ်နိုင်ပါ့မလားဆိုသည်ကို စဉ်းစားကြစေချင်ကြောင်းလည်း ဒေါက်တာအေးချမ်းက ဆက်ပြောပါသည်။
"ဒါကို ကျွန်တော်နဲ့ ပြင်သစ်သမိုင်းပညာရှင် ဂျက်လိုင်ဒါတို့က ပြန်လည်ချေပဖူးပါတယ်။ အာရပ်သင်္ဘော ပျက်တယ်ဆိုတာဟာ ခိုင်မာတဲ့ အထောက်အထား မဟုတ်ပါဘူး။ ကျွန်တော်တို့ သမိုင်းပညာရှင်တွေဆိုတာ Primary Sources လို့ခေါ်တဲ့ မူရင်းအထောက်အထားကိုပဲ ကိုင်ပြီးပြောပါတယ်။ Secondary Sources ဆိုတာ အလွန်သံသယဖြစ်ဖို့ ကောင်းပါတယ်။ နောက်ထပ်က လုပ်ကြံတာလဲ ဖြစ်နိုင်ပါတယ်" ဟု ၎င်းက ဆက်ရှင်းပြခဲ့သည်။
ပွဲအပြီးတွင် ဒေါက်တာအေးချမ်းက မေးခွန်းများကို ပြန်လည်ဖြေကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီ
No comments:
Post a Comment