“ရင်နင့်ဖွယ် ဖခင်ရင်ခွင်ကို ခြေစုန်ကန်တဲ့ အမျိုးဖျက်မ”
**************************************
စာရေးသူ ဗဟန်းမြို့နယ် ယသဇေယျာရုံကျောင်းမှာ နေတုန်းကဖြစ်ပါတယ်။ တစ်နေ့မှာ
စာရေးသူကို ဆရာတော်ဦးဓမ္မပါလကခေါ်လို့ သွားပါတယ်။ ဆရာတော်ဆီကိုရောက်တော့
ဆရာတော်က မောင်ပဉ္ဇင်းရေ ဆရာတော်ကြီးက တာမွေမှာနေတဲ့ သူ့ဒကာမအိမ်ကို
သွားချင်လို့တဲ့။ အဲဒါ သူ့မှာရှိတဲ့ အိမ်လိပ်စာ အတိုင်းရောက်အောင်
ပို့ပေးလိုက်ပါစမ်းပါကွာ ဆိုလို့ စာရေးသူလည်း ကားငှားပြီး
လိုက်ပို့ပေးလိုက်ပါတယ်။
ဟိုရောက်တော့ ဆရာတော်ကြီးကြွတဲ့ အိမ်လိပ်စာက ရှစ်ထပ်တိုက်၊
သုံးလွှာမှာရှိတဲ့ အခန်းတစ်ခန်းဖြစ်နေပါတယ်။ စာရေးသူက အခန်းတံခါးကို
ခေါက်လိုက်တဲ့အခါ “အသက် (၆၀)ကျော် အရွယ် လူမျိုးခြားအဘိုးကြီးတစ်ယောက်
ထွက်လာပြီး တံခါးဖွင့်ပေးပါတယ်။ အဲဒီအဘိုးကြီးက စာရေးသူတို့ကို
မြင်မြင်ချင်း”
“နိုး နိုး… ဒီအိမ်မှာ ဘယ်အလှူခံပုဂ္ဂိုလ်တွေမှ မထည့်ဘူး” ဆိုပြီး
အခန်းတံခါးကို အကျယ်ကြီးမြည်အောင် စောင့်ပိတ်သွားပါတယ်။ အဲဒါနဲ့ စာရေးသူက
ဆရာတော်ကြီးကို “ဆရာတော်လိပ်စာက မှားနေပြီထင်တယ်” ဒါက ဘာသာခြားတွေနေတဲ့
အိမ်ဖြစ်နေတယ်- လို့ ပြောလိုက်တော့ ဆရာတော်ကြီးက “ဒီလိပ်စာက ဟုတ်တယ်ကွဲ့၊
သူတို့က ငါတို့ကို အလှူခံဖို့ လာကြတာလို့ ထင်နေကြတာ။ တံခါးကို
ပြန်ခေါက်ပြီး ငါတို့က အလှူခံဖို့လာတာမဟုတ်ဘူး။