Sunday, August 17, 2014

ရခိုင်ရိုးရာ ဗုဒ္ဓပူဇနိယ ဆီမီးခွက်အကနှင့် ပက်သက်၍ ကြေငြာချက် ထုတ်ပြန်ခြင်း




xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
နေ့စွဲ 17.8.2014

ရခိုင်ရိုးရာ ဗုဒပူဇနိယ ဆီမီးခွက်အကသည် ထေရ၀ါဒ ဗုဒဘာသာ၏ ဘာသာရေး ဓလေ့ထုံးတမ်း နှင့် အညီ ဘုရားရတနာ၊တရားရတနာ၊သံဃာရတနာ တည်းဟူသော ရတနာမြတ်သုံးပါးကို ဦးခိုက်ပူဇော်ရန် စီကုံးသီဖွဲ့၍ ပူဇော်ကပြရန် ရခိုင်လူမျိုးတို့ တီထွင်ခဲ့သော ကကွက်ကဟန်များသာဖြစ်ပေသည်။ ထိုအပြင် ဤအကသည် ရခိုင်လူမျိုးတို့၏ ရိုးရာယဉ်ကျေးမှုဆိုင်ရာ ကကွက်ကဟန်တစ်ခုလည်းဖြစ်ပါသည်။ 

ဤအကဖြင့်  1966- ခုနှစ် ပြည်ထောင်စုနေ့ အခမ်းအနား၊ တိုင်းရင်းသားပဒေသာကပွဲတွင် ရခိုင်ရိုးရာယဉ်ကျေးမှုအဖွဲ့မှ ရခိုင်ပြည်နယ် ကိုယ်စား တင်ဆက်ကပြခဲ့သော သမိုင်းဝင် ရခိုင့်မူပိုင် အကတစ်ခုလည်းဖြစ်ပါသည်။

သို့သော် ယနေ့အချိန်တွင် တစ်ချို့သော စီးပွားရေးဆိုင်ရာ အခမ်းအနားပွဲများ ၊ပျော်ပွဲရွင်ပွဲ ၊ စားသောက်ဆိုင် များတို့တွင် ဖြေဖျော်ရေးအသွင်တစ်ခုဖြင့် တလွဲအသုံးပြု ကပြဖြေဖျော်နေကြသည်ကို တွေ့မြင်နေရပါသည်။
ဤကဲ့သို့ မဆင်မခြင် တလွဲအသုံးချ ကပြနေခြင်းတို့သည် သီချင်း ၊ အက၏ သဘောသဘာဝနှင့် မအပ်စပ် သော အမျိုး၊ ဘာသာ သာသနာ၊ အရေးနှင့် ဖီလာဆန့်ကျင်လျှက် ဖြစ်နေပါသည်။ ရခိုင်လူမျိုးတို့၏ ယဉ်ကျေးမှု ဓလေ့ထုံးစဉ်အပေါ် လေးစားတန်ဖိုးမထားရာလည်းရောက်နေပါသည်။ ကပြရာတွင်လည်း မူလ ကကွက်ကဟန် များနှင့် များစွာကွဲလွဲနေသည်ကို တွေ့မြင်ရပါသည်။ 

ထို့ကြောင့် ပြည်ထောင်စုမြန်မာနိုင်ငံ ရခိုင်တိုင်းရင်းသားလူမျိုးတို့၏ ဓလေ့ ထုံးစဉ် ယဉ်ကျေးမှုကို မထိခိုက်စေ ရန် ဤရခိုင်ရိုးရာ ဗုဒပူဇနိယ ဆီမီးခွက်အကကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီးဌာန မှတဆင့် သက်ဆိုင်ရာ ရခိုင်ယဉ်ကျေးမှုဆိုင်ရာအဖွဲ့ အစည်းတစ်ခုခု၏ ခွင့်ပြုချက်ဖြင့်သာ ကပြကြ ရန် အသိပေး ကြေငြာအပ်ပါသည်။

            ပုံ
ရခိုင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ (ရန်ကုန်)
 



Friday, October 11, 2013

တနင်္သာရီမြို့၏ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တစ်ခုဖြစ်သော နဂါးလှေတော် ရေချမင်္ဂလာ ကျင်းပ


တနင်္သာရီ အောက်တိုဘာ ၁၁ ရက်
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့ ချောင်းကြီးရပ်ကွက်သောင်ဖြူရေဆိပ် တွင် ရှေးဟောင်း ယဉ် ကျေးမှု အမွေအနှစ် တစ်ခုဖြစ်သော နဂါးလှေယဉ်ကျေးမှုကိုထိန်းသိမ်းစောင့်ရှောက်ရန် ရည်ရွယ်ချက်ဖြင့် သက် တော်ရှည် ချောင်းကြီးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပညာဒီပ ၏မိန့်ကြားချက် အရ အော က်တိုဘာ(၁၁) ရက် နံနက် (၇း၃၀)နာရီ မင်္ဂလာအချိန်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော နဂါးလှေေ တ်ာရေချမင်္ဂလာအခမ်းအနားကျင်းပ ခဲ့သည်။

ရခိုင်ပြည်နယ်တ၀ှမ်း စစ်တပ်သိမ်းယူမြေဧက တစ်သောင်းခန့် ပြန်ပေးမည်

ရခိုင်ပြည်နယ်တ၀ှမ်း စစ်တပ်သိမ်းယူမြေဧက တစ်သောင်းခန့် ပြန်ပေးမည်

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံး လိုင်ဇာမြို့မှာ ဆွေးနွေးမည်

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံး လိုင်ဇာမြို့မှာ ဆွေးနွေးမည်

ရခိုင်ပြည်နယ်မှာ NGO တွေ တည်ဆဲဥပဒေ လိုက်နာကြဖို့ သတိပေး

ရခိုင်ပြည်နယ်မှာ NGO တွေ တည်ဆဲဥပဒေ လိုက်နာကြဖို့ သတိပေး

Monday, October 7, 2013

“ရင်နင့်ဖွယ် ဖခင်ရင်ခွင်ကို ခြေစုန်ကန်တဲ့ အမျိုးဖျက်မ”

 
“ရင်နင့်ဖွယ် ဖခင်ရင်ခွင်ကို ခြေစုန်ကန်တဲ့ အမျိုးဖျက်မ” 
**************************************

စာရေးသူ ဗဟန်းမြို့နယ် ယသဇေယျာရုံကျောင်းမှာ နေတုန်းကဖြစ်ပါတယ်။ တစ်နေ့မှာ စာရေးသူကို ဆရာတော်ဦးဓမ္မပါလကခေါ်လို့ သွားပါတယ်။ ဆရာတော်ဆီကိုရောက်တော့ ဆရာတော်က မောင်ပဉ္ဇင်းရေ ဆရာတော်ကြီးက တာမွေမှာနေတဲ့ သူ့ဒကာမအိမ်ကို သွားချင်လို့တဲ့။ အဲဒါ သူ့မှာရှိတဲ့ အိမ်လိပ်စာ အတိုင်းရောက်အောင် ပို့ပေးလိုက်ပါစမ်းပါကွာ ဆိုလို့ စာရေးသူလည်း ကားငှားပြီး လိုက်ပို့ပေးလိုက်ပါတယ်။ ဟိုရောက်တော့ ဆရာတော်ကြီးကြွတဲ့ အိမ်လိပ်စာက ရှစ်ထပ်တိုက်၊ သုံးလွှာမှာရှိတဲ့ အခန်းတစ်ခန်းဖြစ်နေပါတယ်။ စာရေးသူက အခန်းတံခါးကို ခေါက်လိုက်တဲ့အခါ “အသက် (၆၀)ကျော် အရွယ် လူမျိုးခြားအဘိုးကြီးတစ်ယောက် ထွက်လာပြီး တံခါးဖွင့်ပေးပါတယ်။ အဲဒီအဘိုးကြီးက စာရေးသူတို့ကို မြင်မြင်ချင်း” “နိုး နိုး… ဒီအိမ်မှာ ဘယ်အလှူခံပုဂ္ဂိုလ်တွေမှ မထည့်ဘူး” ဆိုပြီး အခန်းတံခါးကို အကျယ်ကြီးမြည်အောင် စောင့်ပိတ်သွားပါတယ်။ အဲဒါနဲ့ စာရေးသူက ဆရာတော်ကြီးကို “ဆရာတော်လိပ်စာက မှားနေပြီထင်တယ်” ဒါက ဘာသာခြားတွေနေတဲ့ အိမ်ဖြစ်နေတယ်- လို့ ပြောလိုက်တော့ ဆရာတော်ကြီးက “ဒီလိပ်စာက ဟုတ်တယ်ကွဲ့၊ သူတို့က ငါတို့ကို အလှူခံဖို့ လာကြတာလို့ ထင်နေကြတာ။ တံခါးကို ပြန်ခေါက်ပြီး ငါတို့က အလှူခံဖို့လာတာမဟုတ်ဘူး။

Monday, June 3, 2013

ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်



(၁) သင်္ကြန်၏ အဓိပ္ပါယ်
သင်္ကြန်=ကူးပြောင်းခြင်း ၊ မာဂဓဘာသာ သင်္ကန္တ နှင့် သက္ကဋဘာသာ သင်္ကြန်တ မှ ဆင်းသက်သည်။ရခိုင်/မြန်မာ ပြက္ခဒိန်နှစ်၏ ပထမဆုံးလဖြစ်သောတန်းခူးလတွင် နှစ်ဟောင်းကုန်၍နှစ်သစ်ကူးသည့် သင်္ကြန်ရက်ကိုကျင်းပလေ့ ရှိသည်။ ရခိုင်တို့က အတာသင်္ကြန်ကူးသောလ ဖြစ်၍ တန်ခူးလကို တာကူးလ ဟုခေါ်ဆိုသည်။

(၂) သင်္ကြန်ဖြစ်ပေါ်လာပုံသမိုင်းကြောင်း