Friday, July 29, 2016

ရခိုင်သမိုင်းဆိုင်ရာ စာပေဟောပြောပွဲ


ရခိုင်သမိုင်းဆိုင်ရာ စာပေဟောပြောပွဲ
===========================
ရခိုင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ (ရန်ကုန်) ရခိုင်သမိုင်းဆိုင်ရာ စာပေဟောပြောပွဲ တစ်ရပ် ကို 

(6.8.2016) စနေနေ့၊
 နေ့လယ် (၁း၀၀ မှ ညနေ ၄း၀၀) နာရီထိ 
စီစဉ်ကျင်းပမည်ဖြစ် ပါ၍ ကြွရောက်ချီးမြှောက်ကြပါရန် စာပေ၀ါသနာရှင်များ တက်ရောက်အားပေးကြပါရန် ဖိတ်ကြားအပ်ပါသည်။
.
ဟောပြောမည့် ပုဂ္ဂိုလ်မျာနှင့် ခေါင်းစဉ်များ
==========================
အိန္ဒိယနိုင်ငံ မဟာဗောဓိဗုဒ္ဓဂယာကျောင်းတိုက်နှင့် မြန်မာနိုင်ငံမဟာဗောဓိ ဗုဒ္ဓဂယာကျောင်းတိုက် (မြောက်ဒဂုံ-ရန်ကုန်)၏ ပဓာန နာယက ရခိုင်ဆရာေ တာ် ဒေါက်တာ ဘဒ္ဒန္တစန္ဒမုနိ သည်
(Origin and Development of Arakanese Script)
ရခိုင်စာပေအက္ခရာ၏ အခြေခံမူရင်းနှင့် ဖြစ်ပေါ်တိုးတက်လာပုံ) ကျမ်းစာအုပ်ဖြင့် အိန္ဒိယနိုင်ငံ ကိုးလ်ကတ္တားတက္ကသိုလ်မှ Ph.D 

( ပါရဂူဘွဲ့) ကို ၂၀၁၀ ခုနစ်တွင် ရရှိခဲ့ပါသည်။ ဘွဲ့ယူစာတမ်းပြုစုရေးအတွက် ရခိုင်ပြည်နယ်အနှံ့ရှိ ရှေးဟောင်း ရခိုင်ကျောက်စာများကို ကွင်းဆင်းလေ့လာဖေါ်ထုတ်ချက်များ၊ ယနေ့မျက်မှောက်ေ ခတ်သုံး မြန်မာ/ရခိုင် အက္ခရာဖြစ်ပေါ်လာ ပုံသမိုင်းကြောင်း၊ ရခိုင်သမိုင်းနှင့် စာပေဆိုင်ရာလေ့လာေ တွ့ရှိ ချက်များကို (ရှေးဟောင်းရခိုင်အက္ခရာသမိုင်း) ခေါင်းစ ဉ် ဖြင့် ဟေြာေ ပာမည်ဖြစ်ပါသည်။
.

နောက်တစ်ဦးမှာ ( အမျိုးသားစာပေဆုရှင်၊ စာပေဗိမာန်စာမူများဆုရှင်) ရခိုင်စာရေးဆရာကြီး ဖိုးကျော့ မှ ရခိုင်သမိုင်းခေတ်အဆက်ဆက်တွင် အထင်ကရဖြစ်ရပ်များကို ဇာတ်လမ်းနောက်ခံပြု၍ ဖန်းတီးရေးသားခဲ့သော ၀တ္ထုများအကြောင်းကို (ရခိုင်သမိုင်းဖြစ်ရပ်နောက်ခံပြု ၀တ္ထုများဖန်တီးခြင်း) ခေါင်းစဉ်ဖြင့် ဟောပြောသွားမည်ဖြစ်ပါကြောင်း
ကြေငြာမောင်းခတ် သိစေအပ်ပါသည်။

Friday, January 22, 2016

ရန်ကုန်ရောက် ရခိုင်ပြည်နယ် (၁၇) မြို့နယ်အသင်းများမှ စာပေပညာရှင်၊ စာပေ၀ါသနာရှင်များ၊ စာပေလ့လာသူများ၊ယဉ်ကျေးမှုကဏ္ဍများတွင် ပူးပေါင်းပါဝင်လိုသူများအား ဖိတ်ခေါ်

ရန်ကုန်ရောက် ရခိုင်ပြည်နယ် (၁၇) မြို့နယ်အသင်းများမှ စာပေပညာရှင်၊ စာပေ၀ါသနာရှင်များ၊ စာပေလ့လာသူများ၊ယဉ်ကျေးမှုကဏ္ဍများတွင် ပူးပေါင်းပါဝင်လိုသူများအား ရခိုင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့(ရန်ကုန်) မှ ဖိတ်ခေါ်ကာ ရခိုင်ပြည်နယ်ဓမ္မာရုံတွင် ( 30.1.2016)စနေနေ့ ၊နေ့လည်(1း00) မှာ ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့(ရန်ကုန်) ဖြစ်ပေါ်လာပုံအကြောင်းသိကောင်းစရာများကိုဟောပြောမည်ဖြစ်ပါသည်။ အဖွဲ့ဝင်သစ်များကိုလည်း လက်ခံသွားမည်ဟု သိရပါသည်။

Monday, December 21, 2015

ရခိုင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့(ရန်ကုန်) မှ ရခိုင်စာပေဟောပြောပွဲကျင်းပမည်။



ရခိုင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့(ရန်ကုန်) သည် 25-12-2015  အများပြည်သူရုံးပိတ်ရက်ဖြစ်သော ခရစ်စမစ်နေ့တွင် ရခိုင်စာပေဟောပြောပွဲတစ်ရပ်ကို ရွှေတိဂုံ အရှေ့ဖက်မုခ် အလယ်ပစ္စယံတွင် ရှိသော ရခိုင်ပြည်နယ် ဓမ္မာရုံ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းဖြစ်ပါသည်။

အဆိုပါ ရခိုင်စာပေဟောပြောပွဲတွင်  ဟောပြောမည်သူများက မြန်မာနိုင်ငံ သမိုင်းသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူး(ငြိမ်း) ဒေါက်တာ မြင့်သိန်းဖြစ်ပါသည်။ သူဟောပြောမည့် ခေါင်းစဉ်မှာ အတိတ်ကမြောက်ဦးရွှေမြို့တော် ဖြစ်ပါသည်။

နောက်တစ်ဦး ရခိုင်ပြည်မှ နာမည်ကြီး စာရေးဆရာ၊ ကျောင်းဆရာကြီး ဦးထွန်းအောင်ရွှေ (စစ်တွေ ညိုသန့်) ဖြစ်ကာ ဟောပြောမည့် ခေါင်းစဉ်က (မြောက်ဦးခေတ် စာဆိုတော်ဥက္ကာပျံ၏ ဘ၀နှင့်စာပေ အကြောင်းကို ဟောပြောသွားမည်ဖြစ်ပါသည်။


ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ (ရန်ကုန်)
             22-12-2015

Sunday, August 17, 2014

ရခိုင်ရိုးရာ ဗုဒ္ဓပူဇနိယ ဆီမီးခွက်အကနှင့် ပက်သက်၍ ကြေငြာချက် ထုတ်ပြန်ခြင်း




xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
နေ့စွဲ 17.8.2014

ရခိုင်ရိုးရာ ဗုဒပူဇနိယ ဆီမီးခွက်အကသည် ထေရ၀ါဒ ဗုဒဘာသာ၏ ဘာသာရေး ဓလေ့ထုံးတမ်း နှင့် အညီ ဘုရားရတနာ၊တရားရတနာ၊သံဃာရတနာ တည်းဟူသော ရတနာမြတ်သုံးပါးကို ဦးခိုက်ပူဇော်ရန် စီကုံးသီဖွဲ့၍ ပူဇော်ကပြရန် ရခိုင်လူမျိုးတို့ တီထွင်ခဲ့သော ကကွက်ကဟန်များသာဖြစ်ပေသည်။ ထိုအပြင် ဤအကသည် ရခိုင်လူမျိုးတို့၏ ရိုးရာယဉ်ကျေးမှုဆိုင်ရာ ကကွက်ကဟန်တစ်ခုလည်းဖြစ်ပါသည်။ 

ဤအကဖြင့်  1966- ခုနှစ် ပြည်ထောင်စုနေ့ အခမ်းအနား၊ တိုင်းရင်းသားပဒေသာကပွဲတွင် ရခိုင်ရိုးရာယဉ်ကျေးမှုအဖွဲ့မှ ရခိုင်ပြည်နယ် ကိုယ်စား တင်ဆက်ကပြခဲ့သော သမိုင်းဝင် ရခိုင့်မူပိုင် အကတစ်ခုလည်းဖြစ်ပါသည်။

သို့သော် ယနေ့အချိန်တွင် တစ်ချို့သော စီးပွားရေးဆိုင်ရာ အခမ်းအနားပွဲများ ၊ပျော်ပွဲရွင်ပွဲ ၊ စားသောက်ဆိုင် များတို့တွင် ဖြေဖျော်ရေးအသွင်တစ်ခုဖြင့် တလွဲအသုံးပြု ကပြဖြေဖျော်နေကြသည်ကို တွေ့မြင်နေရပါသည်။
ဤကဲ့သို့ မဆင်မခြင် တလွဲအသုံးချ ကပြနေခြင်းတို့သည် သီချင်း ၊ အက၏ သဘောသဘာဝနှင့် မအပ်စပ် သော အမျိုး၊ ဘာသာ သာသနာ၊ အရေးနှင့် ဖီလာဆန့်ကျင်လျှက် ဖြစ်နေပါသည်။ ရခိုင်လူမျိုးတို့၏ ယဉ်ကျေးမှု ဓလေ့ထုံးစဉ်အပေါ် လေးစားတန်ဖိုးမထားရာလည်းရောက်နေပါသည်။ ကပြရာတွင်လည်း မူလ ကကွက်ကဟန် များနှင့် များစွာကွဲလွဲနေသည်ကို တွေ့မြင်ရပါသည်။ 

ထို့ကြောင့် ပြည်ထောင်စုမြန်မာနိုင်ငံ ရခိုင်တိုင်းရင်းသားလူမျိုးတို့၏ ဓလေ့ ထုံးစဉ် ယဉ်ကျေးမှုကို မထိခိုက်စေ ရန် ဤရခိုင်ရိုးရာ ဗုဒပူဇနိယ ဆီမီးခွက်အကကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီးဌာန မှတဆင့် သက်ဆိုင်ရာ ရခိုင်ယဉ်ကျေးမှုဆိုင်ရာအဖွဲ့ အစည်းတစ်ခုခု၏ ခွင့်ပြုချက်ဖြင့်သာ ကပြကြ ရန် အသိပေး ကြေငြာအပ်ပါသည်။

            ပုံ
ရခိုင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ (ရန်ကုန်)
 



Friday, October 11, 2013

တနင်္သာရီမြို့၏ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တစ်ခုဖြစ်သော နဂါးလှေတော် ရေချမင်္ဂလာ ကျင်းပ


တနင်္သာရီ အောက်တိုဘာ ၁၁ ရက်
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့ ချောင်းကြီးရပ်ကွက်သောင်ဖြူရေဆိပ် တွင် ရှေးဟောင်း ယဉ် ကျေးမှု အမွေအနှစ် တစ်ခုဖြစ်သော နဂါးလှေယဉ်ကျေးမှုကိုထိန်းသိမ်းစောင့်ရှောက်ရန် ရည်ရွယ်ချက်ဖြင့် သက် တော်ရှည် ချောင်းကြီးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပညာဒီပ ၏မိန့်ကြားချက် အရ အော က်တိုဘာ(၁၁) ရက် နံနက် (၇း၃၀)နာရီ မင်္ဂလာအချိန်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော နဂါးလှေေ တ်ာရေချမင်္ဂလာအခမ်းအနားကျင်းပ ခဲ့သည်။

ရခိုင်ပြည်နယ်တ၀ှမ်း စစ်တပ်သိမ်းယူမြေဧက တစ်သောင်းခန့် ပြန်ပေးမည်

ရခိုင်ပြည်နယ်တ၀ှမ်း စစ်တပ်သိမ်းယူမြေဧက တစ်သောင်းခန့် ပြန်ပေးမည်