Sunday, February 10, 2013

‘‘တက်စရာ ရုံးမရှိဘူး’’ ချင်းလွှတ်တော်အမတ် နှင့် အင်တာဗျူး

Sunday, January 15, 2012

မြန်မာနိုင်ငံတွင် အမည်ခံ အရပ်သား အစိုးရသစ် တက်လာပြီးနောက် ၄ လအကြာ ဒုတိယအကြိမ် ပြည်ထောင်စု လွှတ် တော်ကို သြဂုတ်လ ၂၂ ရက်နေ့က ခေါ်ယူကျင်းပခဲ့ပြီး၊ လာမည့် စက်တင်ဘာ ၂၂ ရက်နေ့တွင် တိုင်းဒေသကြီး နှင့် ပြည် နယ် လွှတ်တော်အစည်းအဝေးများ ဆက်လက် ကျင်းပသွားမည် ဖြစ်သည်။ချင်းပြည်နယ်တွင် ပြည်နယ်ဝန်ကြီးချုပ်ဦးဆောင်သည့် ပြည်နယ်အစိုးရ ဖွဲ့စည်းထားသော်လည်း ပြည်နယ်အစိုးရတွင်း မပါ ၀င်သည့် လွှတ်တော်အမတ်များ၏ အနေအထားနှင့် ၎င်းတို့အနေဖြင့် မည်သည့်လုပ်ငန်းများ ဆောင်ရွက်နေသည်ကို ရှင်း ရှင်းလင်းလင်း မသိရသေးပေ။

ရခိုင်တိုင်းရင်းသားများတိုးတက် ရေးပါတီ၊ ဦးဦးလှစောနှင့် တွေ့ဆုံ အင်တာဗျူး

http://arakanreview.net/?p=5951

ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ၊ ဦးဦးလှစောနှင့် တွေ့ဆုံ အင်တာဗျူး

ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ (RNDP)၊ အထွေထွေအတွင်းရေးမှူး ဦးဦးလှစောနှင့် တွေ့ဆုံစဉ် မျက်မှောက် ပြည်တွင်း/ပ ရခိုင့်နိုင်ငံရေး အခြေအနေ၊ နိုင်ငံတွင်း တရားမ၀င် ၀င်ရောက်နေထိုင်သူ ဘင်္ဂလီများနှင့်ပတ်သက်၍ အာဏာပိုင်များ ကိုင်တွယ်ဖြေရှင်းပုံ၊ ရခိုင်အမျိုးသား ညီညွတ်ရေးကို ပြန်လည် တည်ဆောက်ရေး၊ ပြည်တွင်း ရခိုင်ထိပ်တန်းပါတီကြီးနှစ်ခုဖြစ်သည့် RNDP နှင့် ALD ပေါင်းစည်းမည့် ကိစ္စနှင့်ပတ်သက်၍ သဘောထားများအပြင် အခြား စာဖတ်ပရိတ်သတ်များ သိရှိလိုမည့် အကြောင်းအရာတချို့အား Arakan Review မှ ထည့်သွင်း မေးမြန်းခဲ့ပါသည်။ စာရှုသူများ ဖတ်ရှုဝေဖန်သုံးသပ်နိုင်ရန် ဖော်ပြအပ်သည်။

Arakan Review ဆရာ ဦးဦးလှစောအနေနဲ့ ချင်းမိုင်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ရခိုင်အမျိုးသား အလုပ်ရုံ ဆွေးနွေးပွဲကို တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ ဆွေးနွေးပွဲအပြီး ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ထဲက အချက် (၂) မှာ တွေ့ရတာက ရခိုင်အမျိုးသား ညီညွတ်ရေး အကျိုးဆောင် ကော်မတီတရပ်ကို ဖွဲ့စည်းခဲ့တယ် ဆိုတာပါ။ ဒီ ကော်မတီဟာ ပြည်တွင်း/ပ ဖွဲ့စည်းတွေ ပါဝင်နေတယ်ဆိုပေမယ့် အထူးသဖြင့် ပြည်ပ ရခိုင့်နိုင်ငံရေးအဖွဲ့အစည်းတွေ၊ ရခိုင့် လက်နက်ကိုင် အဖွဲ့အစည်းတွေ ပါဝင်နေတာကို တွေ့ရပါတယ်။ တရားမဝင် အသင်းအဖွဲ့တွေနဲ့ ဆက်သွယ်ဆောင်ရွက်ခြင်း မပြုလုပ်ရဆိုတဲ့ ဥပဒေကလည်း ရှိနေတော့ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ အနေနဲ့ အမျိုးသား ညီညွတ်ရေး ဖော်ဆောင်ရာမှာ လွတ်လပ်စွာ ပါဝင် လှုပ်ရှားခွင့် ရရှိမယ်လို့ ယုံကြည်ပါသလား။

ဦးဦးလှစော အခုလောလောဆယ် အခင်းအကျင်းမှာ ပွင့်လင်းမှု တစုံတရာ ရှိလာတဲ့အတွက်ကြောင့် မြို့ပေါ် ဒီမိုကရေစီ ပါတီတစ်ခုအနေနဲ့ အခြေအနေအချိန်အခါအရ ပြုလုပ်ရတာ ဖြစ်တယ်။ အရင်တခါကလည်း တိုင်းရင်းသားပေါင်းစုံ ညီလာခံက မြို့ပေါ်မှာ တရားဝင်ဖွဲ့စည်းထားကြတဲ့ နိုင်ငံရေးပါတီအဖွဲ့အစည်းတွေ အစုအဖွဲ့ထဲက National Brotherhood ဖိုရမ်ဆိုတာရှိတယ်။ အဲဒီ National Brotherhood ကို ဖိတ်လို့ တိုင်းရင်းသားညီလာခံမှာ KIO/KIA တို့လို့ အဖွဲ့တွေနဲ့ လာပြီးတော့ ဆွေးနွေးခဲ့ရတာရှိတယ်။ UNFC နဲ့ NBF (National Brotherhood Forum) တို့ကြားထဲမှာ အပြန်အလှန် ဆက်သွယ်မှုတွေ ရှိကြတယ်။ ဖိတ်တဲ့အတွက်ကြောင့် လာရောက်ဆွေးနွေးကြတာတွေ ရှိတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ သက်ဆိုင်ရာ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့က ပြုလုပ်နေကြတာဖြစ်တယ်။ သိတော့ သိနေကြတာပဲ။ သို့သော် အရေးယူမှုတော့ မရှိပါဘူး။ အရေးယူမှု မရှိဆိုတာက ဒီကိစ္စတွေဟာ သူတို့ လုပ်နေကြတဲ့ ပြည်တွင်းငြိမ်းချမ်းမှု တည်ဆောက်မှုရဲ့အစိတ်အပိုင်းတရပ်အနေနဲ့ သူတို့ သတ်မှတ်ထားပုံရတယ်။ ဒါကြောင့် သူတို့က နားလည်မှုနဲ့ လွှတ်ပေးထားကြတယ်။ သို့သော် ဥပဒေကြောင်းအရဆိုရင်တော့ (၁၇-၁) နဲ့ တခြား ပုဒ်မတွေနဲ့ ငြိစွန်းတယ်လို့ ပြောရင်လည်း ရတယ်။ မငြိစွန်းဆိုရင်လည်း လျော့လို့ရတယ်။

Arakan Review ရခိုင်အမျိုးသား အလုပ်ရုံ ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ ဆရာ ဦးဦးလှစော ဟာ ပါတီကိုယ်စားပြု တက်ရောက်လာခြင်း မဟုတ်ဘဲ တသီးပုဂ္ဂလအနေနဲ့သာ တက်ရောက်ခဲ့ခြင်းဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ဆရာ့အနေနဲ့ အတည်ပြုပေးစေချင်ပါတယ်။

ဦးဦးလှစော ပါတီကိုယ်စားပြု တက်ရောက်တာပါ။ ပါတီက သုံးယောက်ဖိတ်တယ်။ အဲဒီမှာ နှစ်ယောက်ပဲ တက်ရောက်ခဲ့တယ်။ မတက်ရောက်တဲ့ တစ်ယောက်က ဒေါ်အေးနုစိန်။ သူက ပါစ့်ပို့တ် အဆင်မပြေတာကြောင့်ပါ။ ပထမ ဥက္ကဌ ဦးအေးမောင်၊ ကျနော် (ဦးဦးလှစော- အထွေထွေအတွင်းရေးမှူး)၊ နောက်ပြီးတော့ CEC – ဦးမြင့်နိုင် သုံးယောက်တက်မယ်ဆိုပြီးတော့ စီစဉ်ထားတာပါ။ ဒေါ်အေးနုစိန်ကိုတော့ သီးခြား တသီးပုဂ္ဂလအနေနဲ့ ဖိတ်တယ်။ ပါတီထဲက သုံးယောက်ထဲမှာ ဦးအေးမောင်က ပြည်ထောင်စုလွှတ်တော်နဲ့ ငြိနေတဲ့အတွက်ကြောင့်မို့ ခရီးသွားလာဖို့ အခက်အခဲရှိနေလို့ မတက်ရောက်ခဲ့တာပါ။ ပါတီရဲ့ သဘောတူညီချက်နဲ့ တက်ရောက်ခဲ့ခြင်းဖြစ်ပါတယ်။

Arakan Review ဒီကနေ့ လက်ရှိအနေအထားမှာ တွေ့မြင်နေရတဲ့ ပြည်ပ ရခိုင့်နိုင်ငံရေး အခင်းအကျင်း အခြေအနေတွေကို ဆရာ့ အနေနဲ့ ဘယ်လိုများ သုံးသပ်ရှုမြင်ပါသလဲ။

ဦးဦးလှစော ပြည်ပ ရခိုင့်နိုင်ငံရေး အခြေအနေကတော့၊ ထုံးစံအတိုင်း ရခိုင်ပြည်နိုင်ငံရေး အင်အားစုတွေမှာတော့ နားလည်မှု လွဲကြတာတွေ၊ အကွဲအပြဲရှိကြတာကတော့ ဟိုးအယင်ကတည်းက ရှိခဲ့တာပါ။ အခုဆိုရင်လည်း ရှိနေကြတာပါပဲ။ နိုင်ငံရေး အင်အားစုတွေမှာ တစုံတရာ အားနည်းသွားတဲ့ အင်အားစုတွေရှိသလို၊ အားကောင်းလာတဲ့ အင်အားစုတွေလည်း ရှိနေကြတယ်ဆိုတာကို တွေ့ရတယ်။ အားနည်းသည်ဖြစ်စေ၊ အားကောင်းသည်ဖြစ်စေ ပြည်ပ တော်လှန်ရေးအင်အားစုတွေနဲ့ မြို့ပေါ် ရခိုင်ပြည်မှာ ရခိုင်အမျိုးသားအတွက်  လုပ်နေကြတဲ့ ဒီမိုကရေစီ အင်အားစုတွေ ကြားထဲမှာ၊ နောက်တစ်ခုက အခုခေတ်ကာလမှာ အသစ်ပေါ်လာတဲ့ အန်ဂျီအိုတွေဆိုတာလည်းပဲ ရခိုင်ပြည်မှာ ရှိတဲ့ လူမှုရေး၊ စီးပွားရေး၊ တခြား သဘာဝပတ်ဝန်းကျင် ကိစ္စ၊ ကျန်းမာရေးကိစ္စ အစစအရာရာကို အမျိုးသားရေးအခြေခံနဲ့ သူတို့လည်း ကိုင်တွယ်ဖြေရှင်းဖို့ ကြိုးစားနေကြတာ ဖြစ်တယ်။ ဒီအဖွဲ့အစည်းတွေကြားထဲမှာ တစုံတရာတော့ နားလည်မှုတွေ တိုးတက်လာတယ်လို့ မြင်တယ်။ စောနတုန်းကလိုပဲ အတွင်းမှာရှိတဲ့ အင်အားစုတွေ ညီညွတ်ဖို့၊ Network ချဲ့နိုင်ဖို့၊ ပြည်တွင်းမှာရှိတဲ့ လက်နက်ကိုင် အင်အားစုတွေ ညီညွတ်နိုင်ဖို့၊ နောက်တစ်ခုက အပြင်၊ အတွင်း ညီညွတ်ဖို့နဲ့ အဲဒီ ညီညွတ်မှုဟာ တစုံတရာ နားလည်မှု ရှိရှိနဲ့သာ ရခိုင်အမျိုးသားအကျိုးစီးပွားကို ဖော်ဆောင်နိုင်ဖို့ရင်တော့ ရခိုင်ပြည်သူတွေကလည်း ဝမ်းသာကြလိမ့်မယ်။ လက်တွေ့မှာလည်း အကျိုးရှိနိုင်တယ်။

Arakan Review ဒီကနေ့ ရခိုင်ပြည်မှာ ဌာနေတိုင်းရင်းသားတွေလည်းဖြစ်၊ နိုင်ငံသားတွေလည်း ဖြစ်ကြတဲ့ ရခိုင်အမျိုးသားတွေဟာ၊ နိုင်ငံတွင်း တရားမဝင် ဝင်ရောက်နေထိုင်ကြတဲ့ ဘင်္ဂလီတွေရဲ့ အကြမ်းဖက်မှုတွေကြောင့် နေ့စဉ်နဲ့အမျှ ကြောက်လန့်စွာ ရှင်သန် ရပ်တည်နေကြရတာကို ကြားနေရပါတယ်။ မြောက်ဦး၊ မင်းပြား ဘက်တွေမှာလည်း စပါးတွေ ဖျက်ဆီးခံရ၊ ယာခင်း ဟင်းခင်းတွေ မီးရှို့ဖျက်ဆီးခံရမှုတွေ ဒီနေ့ထိ ဆက်တိုက်ဖြစ်ပေါ်နေပါတယ်။ အဲဒီအပေါ်မှာ လက်ရှိအာဏာရ အစိုးရက ကိုင်တွယ်ဆောင်ရွက်ပုံနဲ့ ပတ်သက်ပြီးတော့ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ အနေနဲ့ ဘယ်လိုများ သုံးသပ်ပါသလဲ။

ဦးဦးလှစော အာဏာရ အစိုးရရဲ့ ကိုင်တွယ်ဖြေရှင်းပုံနဲ့ပတ်သက်လို့ စိတ်တိုင်းမကျ ဖြစ်ရပါတယ်။ ကျေနပ်လောက်စရာ မရှိပါဘူး။ ဒီပြဿနာမှာက နှစ်ပိုင်းရှိတယ်။ တစ်ပိုင်းက နိုင်ငံတကာမှာရှိတဲ့ အစွန်းရောက် မူဆလင်တွေအနေနဲ့ ရိုဟင်ဂျာဆိုတဲ့ နာမည်ကို လုပ်ကြံဖန်တီးပြီးတော့ လူ့အခွင့်အရေးကို ဗန်းပြပြီး ရခိုင်ပြည်အပေါ်၊ ရခိုင်လူမျိုးများအပေါ် အစ္စလမ်လိုက်ဇေးရှင်းပေါ့ ပြောရရင်။ အဲဒီမူတွေ ချမှတ်လာတာ ရှိတယ်။ တဆက်တည်းမှာ အစိုးရအနေနဲ့လည်းပဲ ကိုင်တွယ်မှု ညံ့ဖျင်းတာကြောင့် မဖြစ်သင့်တဲ့ ပြဿနာတွေ ဖြစ်လာရတယ်လို့ တွေ့မြင်ရတယ်။ ဒါဟာ နှစ်ဘက်စလုံးကြောင့် ဖြစ်တယ်။ ဒီကြားထဲမှာ ရခိုင်တိုင်းရင်းသားတွေနဲ့ ရခိုင်နိုင်ငံရေးပါတီတွေဟာ ကြားညှပ်နေတယ်။ ကျနော်တို့ကိုလည်းပဲ အပြင်က ကုလားတွေက အစိုးရနဲ့ ပေါင်းတယ်လို့ ပြောတယ်။ ပြီးတော့ ကုလားတွေကို မျိုးတုန်းသတ်ဖြတ်ဖို့ ကြိုးစားတယ် ဆိုပြီးတော့ စွပ်စွဲပြောဆိုကြတယ်။ တဘက်က အစိုးရကျပြန်တော့လည်း ရခိုင်တိုင်းရင်းသားတွေကို ရခိုင်ပါတီတွေက သွေးထိုးလှုံ့ဆော်ပေးတယ်။ မြှောက်ပေးကြတယ် ဆိုပြီးတော့ ရခိုင်လွတ်မြောက်ရေးပါတီ (ALP) နဲ့ ကျနော်တို့ (RNDP) ကို အဲလိုမျိုး စွပ်စွဲကြတာတွေ ရှိတယ်။ ကျနော်တို့က ဒီနှစ်ခု ကြားထဲမှာ ဖြစ်နေတယ်။ အမှန်တကယ်တော့ ရခိုင်ပြည်သူတွေဟာ ကိုယ့်ရပ်ကိုယ့်ရွာမှာ နေပြီးတော့ ကုလားကိုလည်း ကြောက်ရ၊ အစိုးရကိုလည်း ကြောက်ရ။ နှစ်ဘက်စလုံးကို ကြောက်နေရပြီးတော့ ဓားစာခံ ဖြစ်သွားကြရတယ်။ ပြီးတော့ တခါမှ မကြုံခဲ့တဲ့ အသက်ပေါင်းများစွာ ဆုံးရှုံးမှု၊ ရခိုင်ပြည် စီးပွားရေးကျဆင်းမှုအပြင် လူတွေက ကျီးလန့်စာစား ဘဝဖြစ်သွားရတာဟာ အစိုးရမှာလည်း တာဝန်ရှိတယ်။ အထူးသဖြင့် ရခိုင်ပြည်နယ် အစိုးရမှာ လုံးဝ တာဝန်ရှိတယ်။ ထိုနည်းလည်းကောင်း နိုင်ငံတကာမှာ ရှိတဲ့ အစွန်းရောက် ရိုဟင်ဂျာနာမည်ခံ ဘင်္ဂလီကုလား လှုပ်ရှားဆောင်ရွက်မှုတွေဟာ ရခိုင်တိုင်းရင်းသားတွေအတွက် အလွန် အန္တရာယ်ကြီးပါတယ်။ ဒီအန္တရာယ်ဟာလည်း အလွန်တရာ ကြောက်ဖို့ကောင်းပါတယ်။

Arakan Review ရခိုင်ပြည်အစိုးရအဖွဲ့မှာ တာဝန်ရှိတယ်လို့ ဆရာဦးဦးလှစောက ထောက်ပြပြောဆိုခဲ့တာ တွေ့ရတယ်။ ဒီကနေ့ လက်ရှိ ရခိုင်ပြည်အစိုးရအဖွဲ့ထဲမှာ  RNDP လည်းပဲ ပါဝင်နေတာ မဟုတ်ပါလား။ ဆိုတော့ RNDP ပါတီအနေနဲ့ ဒီကိစ္စတွေ ကိုင်တွယ်ဖြေရှင်းရာမှာ လုပ်ပိုင်ခွင့် မရှိခဲ့ဘူးလို့ ဆိုလိုချင်တာပါလား။

ဦးဦးလှစော ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထဲမှာ ကျနော်တို့ RNDP က မပါပါ။ သို့သော် ကျနော်တို့အထဲက ရွေးချယ်ခံထားရတဲ့ အမတ် (၃) ယောက်ကတော့ ဝန်ကြီးအနေနဲ့ ပါပါတယ်။့  ရခိုင်ပြည် ပြည်နယ်အစိုးရမှာ အမှန်တကယ်ရှိတာ၊ ဖွဲ့စည်းထားတာကတော့ ကြံ့ခိုင်ရေးပါတီကပါ။ ဝန်ကြီးချူပ်ကလည်းပဲ ကြံ့ခိုင်ရေးပါတီကပါ။

Arakan Review ပြီးခဲ့တဲ့နှစ် ၂၀၁၂ ခု – မေ၊ ဇွန် ဘင်္ဂလီ ဆူပူသောင်းကျန်းမှု အချိန်ကာလတွေမှာ နိုင်ငံတော်သမ္မတရုံးကနေပြီးတော့ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့် (၁/၂၀၁၂) ဇွန်လ (၁၀) ရက် နေ့စွဲနဲ့ ပုဒ်မ ၄၁၃၊ ပုဒ်မခွဲ (က) ကို ရခိုင်ပြည်အတွက် ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီပုဒ်မရဲ့ ဖွင့်ဆိုချက်က“ တာဝန်ထမ်းဆောင်ရာတွင် ထိရောက်မှုရှိစေရန် တပ်မတော်၏ အကူအညီကို ရယူဆောင်ရွက်ရမည်” ဖြစ်ပါတယ်။ ကြေညာချက်ရဲ့ အချက် (၄) မှာ ပါရှိတာက ဤအမိန့်သည် ယနေ့မှ စ၍ နောက်အမိန့်တစုံတရာထုတ်ပြန်မှု မရှိမခြင်း အတည်ဖြစ်သည်။ ဆိုပြီးတော့ ပါရှိပါတယ်။ ဒီနေ့အချိန်ထိ အဲဒီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ တစုံတရာ ထုတ်ပြန်ခြင်း မတွေ့ရှိရပါ။ ဒါနဲ့ပတ်သက်လို့ ဘာများ မှတ်ချက်ပြုလိုပါသလဲ။

ဦးဦးလှစော ကျနော်တို့ကတော့ ဘာတတ်နိုင်မှာလို့လဲ။ သူတို့က အုပ်ချူပ်တဲ့ အစိုးရလေ။ အုပ်ချူပ်တဲ့ အစိုးရဆိုတော့ ကျနော် စောနတုန်းက ပြောခဲ့သလိုပဲ ဒီပြဿနာတွေကို ကျနော်တို့က အတတ်နိုင်ဆုံး အေးချမ်းသွားအောင် ကြိုးစားတယ်။ သူတို့ကလည်း ရခိုင်ပြည်မှာ တည်ငြိမ်ဖို့အတွက် စစ်တပ်တို့ကို ချထားတယ်။ သို့သော် ပြဿနာက ဆက်လက်ဖြစ်မြဲ ဖြစ်နေတယ်။ နောက်တစ်ခုက ဒီပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ ကျနော်တို့ ပါတီရဲ့ ပါဝါ၊ ကျနော်တို့ ပါတီရဲ့ အားပေါ့လေ။ ဘေးကို ရောက်နေတယ်။ ခုနတုန်းက ပြောခဲ့သလိုပဲ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျနော်တို့မှာလည်း အိုင်ဒီယာကောင်းတွေ ရှိပါတယ်။ သို့သော် အမှန်တကယ် ကျနော်တို့ ပါတီဟာ ဂျောင်ထိုးထားခံနေရတဲ့ ပါတီတစ်ခုလိုပဲ။

Arakan Review ကျနော်တို့ ရခိုင်ပြည်အချူပ်အခြာအာဏာ ကျဆုံးခဲ့ခြင်းဟာ အမျိုးသားစည်းလုံးညီညွတ်မှု ပြိုကွဲမှုကြောင့် ဖြစ်တယ်။ အမျိုးသားစည်းလုံးညီညွတ်မှုကို ပြန်လည်တည်ဆောက်နိုင်မယ်ဆိုရင် ရခိုင်လူမျိုးတွေဟာ ကိုယ့်ကြမ္မာကိုယ်ဖန်တီးပိုင်ခွင့် ပြန်ရရှိမှာ ဖြစ်တယ်ဆိုပြီးတော့ ရခိုင့်နိုင်ငံရေး လေ့လာစောင့်ကြည့်သူတွေက ဝေဖန်သုံးသပ်ထားကြပါတယ်။ ဆရာ့အနေနဲ့ ဒီကနေ့ မျက်မှောက် ရခိုင်အမျိုးသား စည်းလုံးမှုဟာ ပြိုကွဲနေတယ်လို့ သုံးသပ်ပါသလား။ တကယ်လို့ သုံးသပ်မိတယ်ဆိုရင် ဘယ်လိုမျိုး ပြန်ပြီးတော့ တည်ဆောက်ရမှာလဲ။  မပြိုကွဲဘူးလို့ ယူဆတယ်ဆိုရင်လည်း ဘယ်အချက်တွေကို ကြည့်ပြီးတော့ အဲလို သုံးသပ်ပါသလဲ ဆိုတာ ရှင်းပြပေးပါလား။

ဦးဦးလှစော ပြိုကွဲမှုကြောင့် အချူပ်အခြာအာဏာ ကျဆုံးခဲ့ရတယ်။ အချူပ်အခြာအာဏာ ကျဆုံးတယ်ဆိုတာ တချို့ တင်စားကြတာပေါ့။ ဝါးအစည်းပြေသွားသလို။ တချို့ကလည်း ဖန်ခွက်တခွက် ကျကွဲသွားသလိုမျိုးပေါ့။ စည်းလုံးဖို့အတွက်တော့ မျိုးချစ်အင်အားစုအားလုံးက နည်းပေါင်းစုံနဲ့ ကြိုးစားနေကြတာပဲ။ ကြိုးစားတုန်း၊ ကြိုးစားဆဲ။ အောင်မြင်လိုက်၊ ပျက်သွားလိုက်။ ကြိုးစားတုန်း၊ ကြိုးစားနေဆဲဖြစ်တယ်လို့ မြင်တယ်။ စည်းလုံးမှု ပျက်ပြားနေတာကတော့ ခုကတည်းက ပျက်နေတာ မဟုတ်ပါဘူး။ အများကြီး ကြာခဲ့ပါပြီ။ အခုက ပျက်နေတာကို ပြင်ဖို့ ကြိုးစားနေကြတာပါ။ အဲဒါမှာ အောင်မြင်တာ ရှိနိုင်သလို။ မအောင်မြင်တာတွေလည်း ရှိကောင်း ရှိနိုင်တယ်။ အောင်မြင်ဖို့ တပ်ပေါင်းစုတွေ ဖွဲ့ကြတယ်။ ကြိုးစားခဲ့ကြတယ်။ မအောင်မြင်ခဲ့ဘူး။ ဒီလိုပဲ ကြိုးစားပြီးယင်း ကြိုးစား။ ဒါက ရေရှည် တော်လှန်ရေးကြီးတရပ်ပါ။ ရှေ့ကလူတွေက မလုပ်နိုင်လို့ ဆိုခဲ့ရင် နောင်လာမယ့် မျိုးဆက်သစ် လူငယ်တွေက သင်ခန်းစာယူပြီးတော့ လုပ်နိုင်မယ် ဆိုလို့ရှိရင်တော့ တနေ့နေ့မှာ ဖြစ်လာမှာပါ။ ညီညွတ်မှုကို မတည်ဆောက်နိုင်သမျှ ကာလပတ်လုံးကတော့ ရခိုင်အနာဂတ်ကတော့ မရေရာပါ။

Arakan Review ပြည်တွင်း ရခိုင်ပါတီကြီး နှစ်ခုဖြစ်တဲ့ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ (RNDP) နဲ့ ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် (ALD) ကို ရခိုင်ပြည်သူတွေက ပေါင်းစည်းသွားဖို့ လိုလားနေကြပါတယ်။ တကယ်လို့ ပေါင်းစည်းဖြစ်ခဲ့မယ်ဆိုရင် ဘယ်လိုပုံစံမျိုး ပေါင်းစည်းသွားမှာပါလဲ။ နိုင်ငံရေးအရ လက်တွဲဆောင်ရွက်ရုံ သက်သက် ပေါင်းစည်းမှာလား။ တစ်ပါတီတည်း ဖြစ်အောင် ပေါင်းစည်းမှာလား။ တကယ်လို့ တစ်ပါတီတည်းအဖြစ် ပေါင်းစည်းမယ်ဆိုရင် ပါတီနှစ်ခုစလုံးက မှတ်ပုံတင် ကျပြီးသား ဖြစ်တယ်။ အဖွဲ့အစည်း နာမည်နှစ်ခုကို ဘယ်လိုပုံစံမျိုး ရှေ့ဆက်သွားမှာလဲ။ ပါတီနှစ်ခုထဲက တစ်ခုနာမည်က သုံးမှာလား။ အသစ်သုံးမှာလား။ RNDP ရဲ့ သဘောထားကို သိချင်ပါတယ်။

ဦးဦးလှစော ရသေ့တောင် ညီလာခံကလည်းပဲ ဒီပါတီ နှစ်ခု ပူးပေါင်းဖို့ကို တိုက်တွန်းနေကြတယ်။ မြို့ပေါ် ပြည်သူလူထုတွေကလည်း ပူးပေါင်းစေလိုကြတယ်။ ကျနော်တို့ ပါတီကလည်းပဲ ယေဘုယျအားဖြင့်၊ မူအားဖြင့် လက်ခံပါတယ်။ တချို့က RNDP ရှိရဲ့သားနဲ့ ALD က နောက်ထပ် တည်ထောင်တာကို မကြိုက်တဲ့သဘောမျိုးနဲ့ ပြောကြတယ်။ ကျနော်တို့ကတော့ လုပ်ပါ။ ရခိုင်အမျိုးသားတိုင်း ပါတီထောင်ခွင့်ရှိပါတယ်။ သို့သော် ပူးပေါင်းပြီး လုပ်ဖို့ အရေးကြီးပါတယ်။ ပူးပေါင်းတဲ့အခါမှာလည်း ပါတီနှစ်ခုကို ပူးပေါင်းပြီး တစ်ပါတီတည်း ဖျက်ဖြိုပြီး မဟုတ်ဘဲ လောလောဆယ်မှာ လက်တွေ့ကျတဲ့ ပူးတွဲကော်မရှင်တွေမှာ ကုလားအရေးနဲ့ပတ်သက်ပြီးတော့၊ လယ်ယာမြေသိမ်း ပြဿနာတွေနဲ့ ပတ်သက်ပြီးတော့၊ သယံဇာတ ရပိုင်ခွင့်နဲ့ ပတ်သက်လို့ စတဲ့ လုပ်ငန်းတွေမှာ ပူးတွဲ ဆောင်ရွက်သွားဖို့ ကျနော်တို့ဘက်က ဖိတ်ခေါ်ထားတာ ရှိပါတယ်။ သို့သော် ကျနော်တို့ ဒီနေ့အချိန်ထိ အကောင်အထည်မဖော်နိုင်သေးပါဘူး။ ပူးပေါင်းလို့ လုပ်သွားရင်းနဲ့သာ ကျနော်တို့ တဖြည်းဖြည်းနဲ့ (၂၀၁၅) အထွေထွေရွေးကောက်ပွဲ ကြုံလာတဲ့အခါ တကယ့် စုစည်းညီညွတ်တဲ့ အမျိုးသား အင်အားစုတရပ်အနေနဲ့ ကြံ့ဖွံ့ကိုသော်လည်းကောင်း၊ NLD ကိုသော်လည်းကောင်း ယှဉ်နိုင်မှာ ဖြစ်တယ်။ မယှဉ်နိုင်ဆိုခဲ့ရင် ကျနော်တို့ဟာ အများကြီး နစ်နာမှုတွေနဲ့ ကြုံရမှာ ဖြစ်တယ်။ ဒါနဲ့ပတ်သက်ပြီး သမိုင်းကလည်း သက်သေပြခဲ့ပြီး ဖြစ်ပါတယ်။ ပူးပေါင်းမှုကို လက်တွေ့ကျကျ မလုပ်ဘဲ ရှောင်လွဲပြီးတော့ ဝေဝေလည်လည် လုပ်နေတယ်ဆိုရင်တော့ အဲဒီ အင်အားစုဟာ ရခိုင်သမိုင်းနဲ့ လူထုရဲ့ ဒဏ်ခတ်မှုကို ခံရလိမ့်မယ်။ ဘယ်သူတွေက အမှန်တကယ် လုပ်ချင်စိတ်ရှိလဲ၊ ဘယ်သူတွေက အမှန်တကယ် မလုပ်ချင်ဘူးလဲ ဆိုတာကို သမိုင်းမှာ လိမ်လို့ မရပါဘူး။ ကျနော်တို့ကတော့ ပူးပေါင်းဖို့ ပြတ်ပြတ်သားသား တောင်းဆိုတယ်။ မည်သည့်အခြေအနေမှာ မဆို ပူးပေါင်းရဲတယ်။ လောလောဆယ် ပူးတွဲကော်မတီအနေနဲ့ သွားလို့ရတယ်။ ပူးပေါင်းဖို့အတွက် ကျနော်တို့မှာ ဘာတစ်ခုမှ တွန့်ဆုတ်နေစရာ အကြောင်းမရှိပါဘူး။ ပူးပေါင်းခြင်းအားဖြင့် ကျနော်တို့မှာ ဆုံးရှုံးစရာ ဘာတစ်ခုမှလည်း မမြင်ပါဘူး။


ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ (RNDP)၊ အထွေထွေအတွင်းရေးမှူး ဦးဦးလှစောနှင့် တွေ့ဆုံစဉ် မျက်မှောက် ပြည်တွင်း/ပ ရခိုင့်နိုင်ငံရေး အခြေအနေ၊ နိုင်ငံတွင်း တရားမ၀င် ၀င်ရောက်နေထိုင်သူ ဘင်္ဂလီများနှင့်ပတ်သက်၍ အာဏာပိုင်များ ကိုင်တွယ်ဖြေရှင်းပုံ၊ ရခိုင်အမျိုးသား ညီညွတ်ရေးကို ပြန်လည် တည်ဆောက်ရေး၊ ပြည်တွင်း ရခိုင်ထိပ်တန်းပါတီကြီးနှစ်ခုဖြစ်သည့် RNDP နှင့် ALD ပေါင်းစည်းမည့် ကိစ္စနှင့်ပတ်သက်၍ သဘောထားများအပြင် အခြား စာဖတ်ပရိတ်သတ်များ သိရှိလိုမည့် အကြောင်းအရာတချို့အား Arakan Review မှ ထည့်သွင်း မေးမြန်းခဲ့ပါသည်။ စာရှုသူများ ဖတ်ရှုဝေဖန်သုံးသပ်နိုင်ရန် ဖော်ပြအပ်သည်။

ရခိုင်အရေးနှင့်ပတ်သက်၍ Hot Newsကမေး ဦးသိန်းညွန့် ကဖြေ

Sunday, July 22, 2012


မေး-ရခိုင်ကိစ္စနဲ့ပတ်သက်ပြီးတော့  အန်ကယ်တို့ လွှတ်တော်ကိုယ်စား လှယ်  တွေတင်ပြသွားတာကို လည်းတွေ့ရပါတယ်။ ရခိုင်ပြည်သူတွေအနေနဲ့ လည်း တော်တော့်ကို နှစ်ထောင်းအားရ ကျေ နပ် တယ် ဆိုတဲ့ Pablic Voice အသံတွေ ကိုလည်းကြားနေရပါတယ်။ပြည်ထောင်စု တိုင်းရင်းသား လူမျိုးတွေ အနေ နဲ့တရုတ်ပဲ ဖြစ်ဖြစ် ကျွန်မတို့အနေနဲ့ လူမျိုးရေးနဲ့ ကြည့်ရင် ဒီလိုမျိုးတွေကိုထိန်းသိမ်းကာ ကွယ်ရမှာပဲလေ။ ဒါနဲ့ပတ်သက်ပြီး အန်ကယ်အနေနဲ့ဆက်လုပ်ဖို့ အစီအစဉ်  ရော ဘာလေးတွေထပ်ရှိပါသေးသလဲ။

ရခိုင် ကုန်းပြိုင်လောင်းပွဲ

ပြိုင်လောင်းဟုပြောလျှင် ငရို.ရခိုင်သားတိ ရီကိုပြီးမြင်ကတ်လိမ့်မည်။ အဂုအကျွန် ရွီးမည်.ပြိုင်လောင်းအကြောင်းသည် ရီတွင်ပြိုင်ခြင်းမဟုတ်၊ ကုန်ထက်တွင် ထထူးဆဆန်း ပြိုင်ခြင်း
ဖြစ်ပါသည်။ အကျွန်ဘ၀တသက်တွင် တစ်ခါရာ မြင်ဖူးပါသည်။ အကျွန်အသက် ၁၂ အရွယ်ခန်. ဖြစ်သည်။ ပေါက်တောတွင် လည်ရိုးတော်ဓာတ် ဇေတီ ပွဲကျင့်ပသည်။ထိုဘုရားပွဲကို
နှစ်စဉ်နှစ်တိုင်းကျင့်ပ၍စည်လေ့ကကောင်းစည်ပါသည်။

ရခိုင်ရိုးရာ ကျေးလက်ဓလေ့တစ်ခု ဒိုးကစားခြင်း


ရခိုင်ရိုးရာ ဒိုးကစားခြင်းကို ရခိုင်အမျိုးသမီးငယ်များ၊ အပျိုအရွယ်များက အထူးနှစ်သက်ကြသည်။ လသာသောညများတွင်လည်းကောင်း၊ နေ့လည်နေ့ခင်း အားလပ်ချိန်များတွင်လည်းကောင်း အုပ်စုဖွဲ့ကာ တစ်ဘက်နှင့်တစ်ဘက် ယှဉ်ပြိုင်ကစားကြသည်။ အသက်အရွယ်ကြီးပြီး အတွေ့အကြုံရှိသည့် အမျိုးသမီးကို အုပ်စုခေါင်းဆောင် (ဂေါင်လူကြီး) အဖြစ် ထားကြသည်။ ကျန်းမာရေးအတွက်သာမက အချင်းချင်း စည်းလုံး ညီညွတ်ရေးကိုလည်း ဖြစ်ပေါ်စေသည်။ ဒိုးကစားခြင်းကို ပထမဆုံး "ညှို့မေ"ဖြင့် စ,ရသည်။

စုံစမ်းစစ်ဆေးရေးကော်မရှင်၏ သတင်းထုတ်ပြန်ချက်အမှတ် (၃/၂၀၁၃)

==========================================

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတေ
ာ်
စုံစမ်းစစ်ဆေးရေးကော်မရှင်

သတင်းထုတ်ပြန်ချက်အမှတ် (၃/၂၀၁၃)

၁၃၇၄ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၄ ရက်

(၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်)

၁။ စုံစမ်းစစ်ဆေးရေးကော်မရှင်၏ ပဉ္စမအကြိမ်မြောက် စုံညီ အစည်းအဝေးကို ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၈) ရက်နေ့ ၁၃:၃၀ ချိန်တွင် လွှတ်တော်ဝင်း (အိုင် ၁၂) အဆောင်တွင်ကျင်းပခဲ့ပါသည်။ အစည်းအဝေးတွင် အပြီးသတ်အစီရင်ခံစာ ပြုစုရေးနှင့် ပတ်သက်၍ ဆွေးနွေးညှိနှိုင်းခဲ့ပါသည်။ ထိုသို့ ဆွေးနွေးရာတွင် ကော်မရှင် ဥက္ကက အပြီးသတ် အစီရင်ခံစာ ရေးဆွဲရာတွင် ကျင့်သုံးရမည့် အခြေခံမူများနှင့် ပတ်သက်ပြီး ဆွေးနွေးပြောကြားခဲ့ရာ ထိုအခြေခံမူများပေါ်တွင် အစည်းအဝေး တက်ရောက်လာကြသော ကော်မရှင် အဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေးကြပါသည်။

ရခိုင်လူမျိုးတို့၏ သမိုင်းတစ်ခေတ်ကို လှစ်ဟ ပြနေသော သံဂျိပ်တစ်ပုဒ်

(မောင်ယိုး )၂ ( လေးလေး)၂ ….( လေးလေး)၂ (မောင်ယိုး)၂
တထောင်သုံးရာ သုံးခုဖြစ်လို့ ၊ ကောဇာသက္ကရာဇ်ရောက်သောခါ ၊ တန်းခူးမိဿာစိကြ ၊ လဆန်းပက္ခ ရှစ်ရက်တွင်၊ အာကာကောင်းကင် ၀ဲပျံလတ် ၊ ဂျပန်လီတပ် ဗုံးမိုးရွာ ၊ မြို့စစ်တွေမှာ ဖွဲပြာကျ ၊ အင်္ဂလိပ်က မခံနိုင်၊ ဦးကျော်ခိုင်ကို အပိုင်လွှဲ ၊ ထွက်ဗျာလ်ဗြီးလို့ တိုင်းပြည်ပြို ၊ ကုလားထိုထို သခင်သတ်၊ ရက်ချောင်းပင်ကပ် (ရက်ချောင်းရွာ) ၊ရှေးဦးစွာ ၊ မင်းပြားနယ်မှာ ၊ ညရွာလက်မ ၊ ဖွဲပြာကျလို့ အိမ်မမြင် ၊ ဗြုန်းဗြုန်းစင်ရေ ကုလားများ။ ကျောက်တော်ဖျားက ကုလားတေ ၊မောင်တောနယ်ကို တစ်ချို့ရောက် ၊တစ်ချို့ရောက်တေ ဘူးသီးတောင် ၊နှစ်ဟောင်းကုန်အောင် ဆူကာပွက် ၊ နှစ်သစ်တက်လို့ တစ်နှစ်ကုန် ၊ လကဆုန်တွင် သူပုန်ထ ၊ ဖုံညိုလိပ်ရွာက (ရသေ့တောင်မြို့နယ် မစဲကျွန်းမှ ရွာအမည်) စလာပြန် ၊