Friday, October 11, 2013

တနင်္သာရီမြို့၏ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တစ်ခုဖြစ်သော နဂါးလှေတော် ရေချမင်္ဂလာ ကျင်းပ


တနင်္သာရီ အောက်တိုဘာ ၁၁ ရက်
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့ ချောင်းကြီးရပ်ကွက်သောင်ဖြူရေဆိပ် တွင် ရှေးဟောင်း ယဉ် ကျေးမှု အမွေအနှစ် တစ်ခုဖြစ်သော နဂါးလှေယဉ်ကျေးမှုကိုထိန်းသိမ်းစောင့်ရှောက်ရန် ရည်ရွယ်ချက်ဖြင့် သက် တော်ရှည် ချောင်းကြီးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပညာဒီပ ၏မိန့်ကြားချက် အရ အော က်တိုဘာ(၁၁) ရက် နံနက် (၇း၃၀)နာရီ မင်္ဂလာအချိန်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော နဂါးလှေေ တ်ာရေချမင်္ဂလာအခမ်းအနားကျင်းပ ခဲ့သည်။


ရှေးဦးစွာ ချောင်းကြီးကျောင်းတိုက်အတွင်းထားရှိသော မြလုံးနောင် နဂါးလှေတော်ဦးခေါင်းအား ဆရာတော် မှအမွှေးနံ့သာများ ပက်ဖြန်းလျက်မေတ္တာ ပို့သပေးပြီးနဂါးလှေတော်၏ဖွဲ့စည်းပုံဖြစ်သော မင်္ဂလာ ဦးပေါက်/ မင်္ဂလာလည်ရွှဲ့/ငွေမောင်း/သျှာတက်ကိုင်(ပဲ့နင်း)/ပဲ့မန်စွယ်နှင့် လှေတော်သားများနှင့် အရပ်ဝင်ကာလသားများ စုပေါင်း၍ ကျောင်းတိုက်မှသောင်ဖြူရေဆိပ်သို့ သယ်ယူကြပြီး
မြစ်ရေထဲသို့ညီညွှတ်စွာ တပြိုင်နက် ချပေး ကြသည်။
ထို့နောက်လှေတော်၏ဖွဲ့စည်းပုံအတိုင်း မျိုးစက်သစ်လူငယ်များ ကနေရာယူကြကာ မြလုံးနောင် နဂါး လှေတော်အား ချောင်းကြီး -ချောင်းငယ်မြစ်နှစ်သွယ်အတွင်း ဧစာသီချင်း သံပြိုင်ဟစ်ကြွေးလျက် သရုပ်ပြစတင် လှော်ခတ်လေ့ကျင့်ကြသည်။
နဂါးလှေတော်အား ယခုကဲ့သို့ ရေချ လှော်ခတ် လေ့ကျင့် ရခြင်းမှာချောင်းကြီးကျောင်းတိုက်တွင် နှစ်စဉ် သီတင်းကျွတ် လပြည့်ကျော်(၄)ရက်ရောက်တိုင်းကျင်းပမြဲဖြစ်သည့် မဟာဘုံကထိန် အလှူတော်မင်္ဂလာ ကျင်းပ သည့်နေ့တွင် သစ်သားတစ်လုံးတည်း ကိုသာခက်ခက်ခဲခဲထွင်းထုထားသော မြလုံးနောင်/မြကြီးအောင်/ စိန်ပန်း သွယ်/ပတ္တမြားသွယ်/ရန်ကြီးအောင် စသည့်နဂါးလှေတော်ငါးစင်းသည် ဗျန်စက္ကပိတ်မင်းလက်ထက် ကောဇာ သက္ကရာဇ်(၅၁၅)ခုနှစ်က စတင်ခဲ့သည့် နဂါးကပ်(ယခု-န၀ဒတ်)တောင် စေတီနှင့်ရှေးဟောင်းဘုရား ပုထိုးစေတီ များ၊ဆရာတော် သံဃာတော်များအား ချောင်းကြီး -ချောင်းငယ်မြစ်နှစ်သွယ်အတွင်း လက်ျာရစ် လှည့်လည် အလှပြလှော်ခတ်ပူဇော်ရန်အတွက် ကြိုတင်ပြင်ဆင်လေ့ ကျင့်ခြင်းဖြစ်သည်ဟု သိရှိရသည်။
ထို့အပြင် မြလုံးနောင် နဂါးလှေတော်တွင်(၁၄)ဦးလှော်ခတ်ပြီး ကျန်နဂါးလှေ(၄)စီးသည် တစ်စီးလျှင် (၄၂) ဦးစီ် လှော်ခတ်ကြမည်ဖြစ်ပြီး နဂါးလှေယဉ်ကျေးမှုကိုထိန်းသိမ်းရာတွင် စံနမူနာပြုထိုက်သောဆရာတော် ဦးဝိသုဒ္ဒနှင့်အရှင်အာဒိစ္စတို့ဦးစီးဦးဆောင်သည့် တနင်္သာရီမြို့နယ်-လယ်သစ်အနောက်ရွာမှ နဂါးလှေတော်များ ဖြစ်သည်။
ယခုနှစ် နဂါးလှေ အလှပြလှော်ခတ်ပူဇော်ပွဲအခမ်းအနားကို ၁၃၇၅-ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် (၄)ရက် (23-10-2013) ဗုဒ္ဓဟူးနေ့ နံနက်(၇)နာရီတိတိအချိန် ချောင်းကြီးရပ်ကွက်-တာရိုးလမ်း ဦးကျော်ဝင်း သစ်စက်ရေဆိပ်တွင် ကျင်းပမည်ဖြစ်သဖြင့် ရပ်ဝေးရပ်နီးမှ Mediaသမားများနှင့် ရှေးဟောင်းယဉ်ကျေးမှုကို ချစ်ခင်မြတ်နိုးစိတ်ဝင်စားသူ မိဘပြည်သူ ညီအစ်ကိုမောင်နှမများအား လာရောက်လေ့လာကြပါရန် ဆရာတော် နှင့်တကွ ရပ်မိရပ်ဖများက နှိုးဆော်ဖိတ်ခေါ်လျက်ရှိကြောင်း သတင်းရရှိသည်။ (via IPRD Tanintharyi)

https://www.facebook.com/photo.php?fbid=573685772703515&set=a.366836193388475.82444.366831823388912&type=1&theater

No comments:

Post a Comment