Friday, December 21, 2012

ရခိုင်သမိုင်းမြောက်ဦးဘုရင်သဇာတသည် မူဆလင်ဖြစ်သည်ဟု ဘင်္ဂလီလူမျိုးတို့သည် သွယ်ဝိုက်ကာ လုပ်ကြံစွပ်စွဲထားသည်ကို ငြင်းဆိုချက်စာတမ်း




စစ်တကောင်းအနွယ်ဝင် ဘင်္ဂလီလူမျိုးတို့သည် မြန်မာနိုင်ငံ၏ တိုင်းရင်းသား/နိုင်ငံသားများ အဖြစ်ခံယူ ရရှိလိုသည့်အတွက် နီးစပ်ရာ ရခိုင်သမိုင်းထဲမှ အချက်အလက်အချို့ကို ဖမ်းဆွဲယူငင် သူတို့၏ သမိုင်းအဖြစ် ဖန်တီးရေးသားကာ၊ အများပြည်သူရှေ့မှောက်သို့ တင်ပြလျှက် သမိုင်းလိမ် ဇာတ်ကွက် များကို ခင်းကျင်းလာခဲ့ကြသည်မှာ နှစ်ပေါင်း(၆၀) ရှိပါပြီ။ ဤလုပ်ရပ်သည် ဘင်္ဂလီလူမျိုးတို့၏ (Style) တစ်ခုဖြစ်
သည်။
ယခုလည်း ခင်းပြန်ပြီ သမိုင်းလိမ် ဇာတ်ကွက်တစ်ကွက်။ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီမှ နိုင်ငံတော်သို့ တင်ပြသော “ ရခိုင်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော
ဒေသခံအစ္စလာမ်ဘာသာဝင်များသည် ဥပဒေကြောင်းအရလည်းကောင်း၊ သဘာဝအလျောက် မွေးရာပါနိုငငံသားများဖြစ်လည်းကောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တိုင်းရင်းသား /နိုင်ငံသားများဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်သို့ တင်ပြသည့် စာတမ်း”  စာမျက်နှာ (၃၁) နှင့်
ပူးတွဲ(၂၅)တို့တွင် ရခိုင်သမိုင်း မြောက်ဦးခေတ်၏ (၁၁)ဆက်မြောက်ဘုရင် သဇာတမင်းအား အစ္စလာမ်လာမ်ဘာသာကို သက်ဝင်ယုံကြည်သူအဖြစ် လုပ်ကြံစွပ်စွဲထားပါသည်။ မျဉ်းပြိုင်နှစ်ကြောင်းကို စကြာဝဠါကုန်လွန်သည်အထိ ဆက်ဆွဲပါသော်လည်း ဆုံတွေ့နိုင်စရာအကြောင်း လုံးဝမရှိ။ ထို့အတူ ရခိုင်လူမျိုးများသည် မူဆလင် ဘယ်တော့မှ ဖြစ်လာနိုင်စရာအကြောင်း လုံးဝ(လုံးဝ)မရှိပါ။
-      ရခိုင်လူမျိုးအားလုံးသည် မြတ်ဗုဒဓည၀တီသို့ ကြွရောက်လာသည့် ဘီစီ (၅၇၀)ခန့်မှစ
     ယနေ့တိုင် ဗုဒဘာသာဝင်များသာဖြစ်ကြသည်။
-      ဗုဒ္ခဘာသာဝင်မဟုတ်လျှင် ရခိုင်လူမျိုးမဟုတ်။
-      ထို့အတူ ရခိုင်လူမျိုးများ ဖြစ်ကြသော ရခိုင်ဘုရင်များအားလုံးသည်လည်း ဘီစီ (၅၇) ခန့်မှစ၍ ဗုဒ္ခဘာသာဝင်များသာဖြစ်ကြသည်။
ရခိုင်ဘုရင်တို့သည် နန်းတက်မည်ဆိုလျှင် မဟာကျိန်ဘုရားကို ခေါင်းပေါ်ရွက် လည်း ကောင်း၊ မဟာကျိန်ဘုရားရှေ့မှောက်တွင် ၀ပ်တွားဦးတင်လည်းကောင်း ကျမ်းသစ္စာဆိုကြရ ပါသည်။ သို့မှသာ နန်းတက် မင်းပြုခွင့် ရှိပါသည်။ ထို့နောက် မင်းဆရာ သံဃရာဇာတို့၏ ခွင့်ပြုချက် လမ်းညွန်ချက်တို့ဖြင့်  ဘသိက်ခံကြရသည်။ သို့ဖြစ်ရာ ဗုဒ္ခဘာသာဝင်မဟုတ်လျှင် ရခိုင်ဘုရင်ဖြစ်ခွင့်
လုံးဝ(လုံးဝ)မရှိပါ။
          ရခိုင်သမိုင်းခေတ်ကြီး(၄)ခေတ်ကို ခြုံငုံလေ့လာသုံးသက်ကြည့်လျှင် ဓည၀တီရခိုင်ပြည်ကြီးကို ဘာသာခြားဘုရင်တပါးတလေမှ အုပ်ချုပ်ပိုင်စိုးခဲ့ခြင်း လုံးဝ(လုံးဝ)မရှိခဲ့ဖူးပါ။ အားလုံးအသိပင်ဖြစ် သည်။  ဗုဒ္ခသာသနာတော်သည်လည်း ရခိုင်သမိုင်းတလှောက် ရခိုင်ပြည်နယ် တ၀န်းလုံးတွင် မည်သည့်နေရာတွင်မှ မည်သည့်အချိန်တွင်မှ မှေးမှိန်ခြင်းလုံးဝ(လုံးဝ)မရှိခဲ့ဖူးပါ။
          ဘင်္ဂလီတို့သည် သူတို့၏ စတိုင်အရ၊ မူဆလင်ဘွဲ့ခံ၊ မြောက်ဦး ဘုရင် (၁၃)ပါးကို မူဆလင်ဟု
ယခင်က စွပ်စွဲခဲ့ဖူးပါသည်။ ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့(ရန်ကုန်)၏ ၂၀၁၁ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော စာတမ်းတွင် ထိုရခိုင်ဘုရင် (၁၃) ပါးသည် မူဆလင်များလုံးဝ မဟုတ်ကြောင်း၊ ထိုဘုရင်တို့ တည်ထားခဲ့သော လက်ရှိ ဘုရားပုထိုးစေတီဂူသိမ်များကို သက်သေထား၍ ချေပထားကြောင်း တွေ့ရှိရသည်။
          ယခုတဖန်လာပြန်ပြီတကျော့-
          မြောက်ဦးဘုရင်သဇာတကို မူဆလင်ဖြစ်ကြောင်း အောက်ဖော်ပြပါ အာရဗီစာ (၂)ဘက်ထိုး ငွေဒင်္ဂါးကို သက်သေပြဲပီး ဘင်္ဂါလီတို့က နောက်ဆက်တွဲ (၁) ပါ စာတမ်းအတိုင်း သွယ်ဝိုက်ကာ စွပ်စွဲလာပါသည်။



          ဤဒင်္ဂါး(၂)ဘက်တွင် ရေးထိုးထားသော အာရဗီစာများကိုလည်း ဘင်္ဂါလီတ်ု့က ထိုစာတမ်းတွင် အောက်ပါအတိုင်းဘာသာပြန်ဆိုဖော်ဆိုထားပါသည်။
ဒင်္ဂါး၏ အရှေ့ဘက် စာမျက်နှာ အဓိပ္ပါယ်
          “ အလ္လာအရှင်မြတ်မှအပ မည်သည့်ဖန်ဆင်းခံမျှ ခ၀ပ်ကိုးကွယ်ခြင်းခံယူထိုက်သော အရှင်ဖြစ် ကြောင်း ကျွန်တော်မျိုးယုံကြည်ပါ၏။ တမာန်တော် မူဟာမတ်သည် ဖန်ဆင်းရှင် အလ္လာရှင်မြတ် ဘက်သို့ ဖိတ်ခေါ်ရန် နိုးဆော်သူအဖြစ် စေလွှတ်ခြင်းခံရသော နောက်ဆုံးရ စူလ်တမန်တော် တစ်ပါးဖြစ်ကြောင်း ကျွန်တော်မျိုး၏ နိုင်ငံတော်ကို အရှင်မြတ်စောင့်ရှောက် တော်မူပါစေ”

ဒင်္ဂါး၏ နောက်ကြောဘက် မျက်နှာစာ အဓိပါယ်
          “သနားကြင်နာခြင်းတို့၏ ဖခင် အယ်လ်မူဇာဖါးဆူလတန်အလီရှား ကျွန်တော်မျိုး၏ နိုင်ငံကို အလ္လာအရှင်မြတ်စောင့်ရှောက်တော် မူပါစေ”
          ဒင်္ဂါးစာများကို ယခုကဲ့သို့ ဘာသာပြန်တင်ပြန်လိုက်သည်ကို အလွန်ပင်ကျေးဇူးတင်စရာ ကောင်းသည်။ အဘယ်ကြောင့်ဆိုသော် ဒင်္ဂါးပါစာအဓိပါယ်ကို ကျွန်ုပ်တို့ ယခုလို အသေးစိတ်ဖတ်ရ သိရှိခွင့်ရသောကြောင့် ဒင်္ဂါးမှာ ရခိုင်ဘုရင်တစ်ဦးထုတ်ဝေခဲ့သော ဒင်္ဂါးမဟုတ်ကြောင်း၊ အထူးသဖြင့် သဇာတမင်းထုတ်ဝေခဲ့သော ဒင်္ဂါးလုံးလုံးလျားလျား မဟုတ်ကြောင်း ပီပီပြင်ပြင် ကျွန်ုပ်တို့ သိမြင်လာရဖြစ်သည်။
          ဒင်္ဂါးကို ရခိုင်ဘုရင်သဇာတထုတ်သေခဲ့သော ဒင်္ဂါးလုံးဝ(လုံးဝ)မဟုတ်ကြောင်း အောက်ပါအချက်အလက်များကို သက်သေထားပြတ်ပြတ်သားသားငြင်းဆိုလိုက်ရပါသည်။

၁။ ရခိုင်ပြည်တွင်တွေ့ရှိရသော ဒင်္ဂါးတိုင်းကို ရခိုင်ဘုရင် ထုတ်ဝေခဲ့သည်ဟု ပုံသေကားချမှတ်ယူမရပါ။ ပျူဒင်္ဂါးများကိုလည်း ရခိုင်ပြည်နယ်တွင်တွေ့ရှိရပါသည်။
၂။ ရခိုင်ဘုရင် သဇာတသည် ဗုဒဘာသာဝင်မျိုးရိုးစဉ်ဆက်မှ ဆင်းသက်လာပြီး ဗုဒသာသနာတော်ကို
လုံးဝဥုံယုံကြည်သက်ဝင်သူတစ်ဦးဖြစ်ပါကြောင်း၊ ထိုမင်းသာသနာတော်ပြုတည်ထားခဲ့သော အောက်ဖော်ပြပါ စေတီပုထိုးများက သက်သေခံလျှက် ရှိနေပါသည်။
(က) ရန်အောင်ဘုရား
(ခ)  နိဗူဇာစေတီများ
(ဂ)  ၀သဲဘုရား
(ဃ) ဆုတော်ပန်ဘုရား
(င)  သက်တော်ရှည်စေတီ
(စ)  သက်တော်ရပုထိုး
(ဆ) ဗိုလ်ဖြူဘုရား
 (ဇ)  လက်ကြွယ်တော်ဓါတ်စေတီ
(စ်)  ရတနာသိဂၤေစတီ
၃။ သဇာတမင်း၏ မူဆလင်အမည်မှာ အလီရှားဖြစ်ပြီး၊ အယ်လ်မူဇာဖားဆူင်္လတန်အလီရှား လုံးဝမ ဟုတ်ပါ။ အမည်ကို မည်သည့်ရခိုင်ရခိုင်ရာဇ၀င်သမိုင်းတို့တွင်မှ  မတွေ့ဖူးပါ။
၎။ ဘင်္ဂါလီတို့၏ စာတမ်းတွင် ဖော်ပြထားသော သဇာတမင်း၊ အေဒီ (၁၅၂၅)တွင်၊ မြောက်ဦး နန်းတော်အုပ်စိုးနေခဲ့သည်ဆိုသည်မှာ မမှန်ပါ။ ရခိုင်ရာဇ၀င်သမိုင်းများ၊ ဒင်္ဂါးများ၊ ကျောက်စာ၊ ပေစာကမည်းစာများဖြင့် ကိုက်ညှိရေးဆွဲထားချက်အရ သဇာတမင်းသည် အေဒီ (၁၅၁၅)မှ (၁၅၂၁) ထိ သာ ထီးနန်းစိုးစံခဲ့သည်။
၅။ မူဆလင်အမည်ခံခဲ့ရသည့်အကြောင်းရင်းမှာလည်း မူဆလင်ဖြစ်လုံးဝမဟုတ်။ အိမ်နီးချင်းမူဆလင် ဘုရင်များနှင့်  ထယ်ဝါစွာ ကူးလူးဆက်ဆံလိုဖြစ်ခြင်း၊ မဂိုဘုရင်တို့က မူဆလင်ဘွဲ့များကို ဆက်ကပ်ခဲ့ဖြစ်ခြင်း စသည်တို့ဖြစ်သည်။ ဘင်္ဂါလီတို့ ဆိုထားသကဲ့သို့ မူဆလင်တတို့၏ လက်အောက်ခံဖြစ်ဟူသည် လုံးဝ (လုံးဝ) မဟုတ်ပါ။
၆။ အယ်လ်မူဇာဖားဆူလ်တန်အလီရှားဟူသည့် အမည်သည် မူဆလင် အမည်ခံ မြောက်ဦးဘုရင် (၁၃) ပါးစာရင်းတွင် မပါရှိပါ။ ဘင်္ဂါ(၁၂) မြို့ကို အုပ်စိုးခဲ့သော အနောက်ဘုရင် (ရခိုင်ဘုရင်ခံ) (၉) ပါးစာရင်းတွင် လုံးဝမပါရှိပါ။

မူဆလင်အမည် နှင့် မြောက်ဦးဘုရင် (၁၃ )ပါးစာရင်း

၁။ နရနု (ခေါ်) မင်းခရီ                    -                  အလီခင်
၂။ ဘစောဖြူ                                -                  ကလီမာသျှာ
၃။ မင်းဒေါလျာ (ခေါ်) မင်သုဒေါလျာ   -                  မောဥသျှာ
၎။ ဘစောညို                               -                  မဟာမောက်သျှာ
၅။ မင်းရန်အောင်                          -                  နောရိသျှာ
၆။ စလင်္ကာသူ(ခေါ်)သိင်္ဂသူ              -                  သက်ကောက်ဒေါလသျှာ
၇။ မင်းရာဇာ (ခေါ်) မင်းလှရာဇာ       -                  လိသျှာ
၈။ မင်းစောအို (ခေါ်) သီရိသူ            -                  ဇလသျှာ
၉။ သဇာတ                                  -                  အလီသျှာ
၁၀။မင်းဘာကြီး(ခေါ်) မင်းဘင်          -                  ဇဘောက်သျှာ
၁၁။မင်းဖလောင်း                          -                  သီကွန်ဒါသျှာ
၁၂။မင်းရာဇာကြီး (ခေါ်) သတိုးဓမ္မရာဇာ-                ဆောလိမ်သျှာ
၁၃။မင်းခမောင်း(ခေါ်)၀ရဓမ္မရာဇာ     -                  ဥသျှောင်သျှာ

မူဆလင် အမည် နှင့် အနောက်ဘုရင် (၉)ပါးစာရင်း
          ၁။ မင်းစောလှ                              -                  သီရိသီရိအနောက်ဘုရင်
          ၂။ မင်းညို                                   -                  အီစလန်သျှာ
          ၃။ သီဟပတီ                                -                  စူလတန်ဟီလက်သျှာ
          ၄။ စင်္ကြာဝတေး                            -                  သီရိသီရိစူလမန်လျှာ
          ၅။ အနောက်ဘုရင်မင်းရဲ                  -                  စစ်တကောင်းစူလတန်
          ၆။ သူပုန်မင်းရဲ                              -                  ပူဇါပါသျှာ
          ၇။ သီရိဇေယျနော်ရထာ                  -                  စစ်တကောင်းရာဇာ
          ၈။ မင်းရဲသီဟသူ                           -                  နီဇမ်သျှာ
          ၉။ မင်းရဲသင်္ခပ၀ါ                           -                  စစ်တကောင်းမူဘာရက်သျှာ

၇။ မြောက်ဦးဘုရင်များသည် သူတို့၏ ဆွေမျိုးရင်းရှာ သားတော်၊ ညီတော်၊ ဦးလေးတော်များကိုသာ အနောက်ဘုရင်အဖြစ်ခန့်ထားလေ့ရှိသည်။
၈။ ရခိုင်လူမျိုး၊ ဗုဒဘာသာဝင်မဟုတ်လျှင် ရခိုင်ထီးနန်းတွင်သော် လည်းကောင်း၊ ရခိုင်ထီးနန်း လက်အောက်တွင်သော်လည်းကောင်း ရခိုင်ဘုရင် (သို့) အနောက်ဘုရင်ဖြစ်ခွင့် လုံးဝ(လုံးဝ)မရှိပါ။

          အထက်က ဖော်ပြပြီးဖြစ်သော အချက်အလက်များကို ထောက်ရှုလျှက် မိုးနှင့် မြေ ဘယ်တော့မှ ထိရိုးထုံးစံမရှိသကဲ့သို့ ရခိုင်လူမျိုးများနှင့် ရခိုင်ဘုရင်တို့သည်လည်း မည်သည့် အခါတွင်မှ မူဆလင်ဖြစ်မည် မဟုတ်ခဲ့ပါ။
          ထို့အတူ ရခိုင်ဘုရင် သဇာတမင်းသည်လည်း မူဆလင်လုံးဝမဟုတ်ဘဲ မြတ်ဗုဒ၏ သာသနာတော်ကို အပြည့်အ၀ချွင်းချက်မရှိ ယက်ဝင်ယုံကြည်သော သာသနာပြုမင်းတစ်ပါးသာ ဖြစ်ကြောင်း၊ ဘုရင် သဇာတမင်း၏ နှလုံးသွေးထဲတွင် ဗုဒသာသနာတော်၏ အဆီအနှစ်များသာ ပျော်ဝင်စီးဆင်းခဲ့ကြောင်း၊ ရခိုင်လူမျိုးများ ရခိုင်ဘုရင်များသည် အတိတ်၊ ပစ္စုပါန်နှင့် အနာဂါတ်ကာလတို့တွင် ဗုဒသာသနာတော်ဖြင့်သာ မွေးဖွါးစ အသက်ရှင်သန်ရပ်တည်နေထိုင် ကြသည်ဖြစ်ကြောင်း၊ လူသားတို့၏ ရှေ့မှောက်သို့ တင်ပြလျှက် စာတမ်းကို ထုတ်ပြန်လိုက်သည်။

စာတမ်းပြုစုသည်- အာရကန်သဇင်


No comments:

Post a Comment