Wednesday, December 26, 2012

ဆူပူမူ ထပ်မံ ဖြစ်ပွား လိုသူများ တိုက်ခိုက်၍ ပေါက်တောတွင် ရခိုင်လူငယ် (၂) ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် စိုင်းတုတ်ရွာမှ လူငယ် (၂) ဦး ကဏန်း ဖမ်းနေစဉ် အနီးအနား ကျေးရွာတစ်ခုက ဆူပူမူကို ထပ်မံ ဖြစ်ပွားလိုသူ တစ်စုက ဓါးများဖြင့် လာရာက် တိုက်ခိုက်သဖြင့် ပြင်းပြင်း ထန်ထန် ဒဏ်ရာ ရရှိသွားကြောင်း သိရသည်။
ပေါက်တောမြို့ မြင်ကွင်း (ဓါတ်ပုံ- နိရဉ္စရာ)
ပေါက်တောမြို့ မြင်ကွင်း (ဓါတ်ပုံ- နိရဉ္စရာ)
ဒဏ်ရာ ရရှိသွားသူများမှာ စိုင်းတုတ်ကျေးရွာမှ မောင်တင်အောင်မြင့်(ဘ)ဦးစံရွှေလှ (၂၅)  နှစ် နှင့် မောင်ကျော်သန်းစိုး (ဘ) မောင်ကျော်သောင်း (၂၄)  နှစ်တို့  ဖြစ်ကြသည်။

ဖြစ်ပွားပုံနှင့် ပတ်သက်ပြီး ဒေသခံ တစ်ဦးက ယခုလို ပြောကြားသည်။
“ သူတို့နှစ်ဦးက ဒီနေ့မနက်က အသပြာကျွန်းမှာ ကဏန်းပုံးတွေနဲ့ ကဏန်းထောင်နေစဉ်မှာ အဲဒီ အနီး အနားမှာ ရှိတဲ့ ငှက်ချောင်းကုလားရွာက မွတ်ဆလင်တွေက ဓါးနဲ့ လာရောက် တိုက်ခိုက်ပါတယ်။ တိုက်ခိုက်ပြီး ခုတ်သတ်မလို့ လုပ်နေစဉ်မှာ ရခိုင်ရွာသားတွေ သတင်းရပြီး လိုက်သွားတဲ့ အခါ အသပြာကျွန်းနဲ့ တဖက် တကမ်း သရက်အုပ်မှာ ကြိုးနဲ့ တုတ်ပြီး ပစ်ထားကာ မွတ်ဆလင်တွေက ထွက်ပြေးသွားကြပါတယ်။ နောက်နစက တပ်ဖွဲ့ နဲ့ ရွာသားတွေ သွားရှာတော့ သူတို့ကို ပြန်တွေ့ပြီး အခု ပေါက်တောမြို့နယ် ဆေးရုံကို ယူလာပါတယ်” ဟု ပြောသည်။
တိုက်ခိုက်ခံရသူ နှစ်ဦးတွင် မောင်တင်အောင်မြင့် သေဆုံးသွားကြောင်း သတင်းထွက်ပေါ်နေသဖြင့် RNDP ပေါက်တောမြို့နယ်ရုံးကို ဆက်သွယ်မေးမြန်းရာ သေဆုံးသွားသည်မှာ မဟုတ်မှန်ကြောင်းနှင့် ယခုအခါ သူတို့ နှစ်ဦးစလုံးကို စက်လှေဖြင့် ပေါက်တော ဆေးရုံသို့ ယူဆောင်လာကြောင်း ပြောသည်။
“ မောင်တင်အောင်မြင့်က မသေပါ။ မျက်နာနဲ့ လက်မောင်းမှာ ဓါးဒဏ်ရာ ရပါတယ်။ မောင်ကျော်သန်းစိုးက ဦးခေါင်းမှာ ဒဏ်ရာ ရပါတယ်။ အခု သူတို့ကို ပေါက်တောကို ယူလာပါပြီ” ဟု ပြောသည်။
အဆိုပါ သတင်းနှင့် ပတ်သက်ပြီး ပေါက်တော ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ တာဝန်ရှိသူ တစ်ဦးက ပြဿနာ ဖြစ်ပွားခြင်းမှာ ဟုတ်မှန်ကြောင်း ပြောကြားသော်လည်း နည်းနည်းပါးပါး ဖြစ်တာပါဟု ဆိုသည်။
“ အခု ပြဿနာ ဖြစ်ပွားတဲ့ နေရာကို တာဝန်ရှိသူတွေ လိုက်သွားပါပြီ။ ကောင်လေး နှစ်ယောက်ကတော့ နယ်မြေခံ နစက တပ်ဖွဲ့ဆီကို ရောက်သွားပါပြီ။ နည်းနည်းပါးပါး ဒဏ်ရာ ရတာပါ။ သေလောက်ထိတော့ မဟုတ်ပါဘူး” ဟု ဆိုသည်။
လွန်ခဲ့သော အပတ်ကလည်း စိုင်းတုတ်ကျေးရွာ အနီးတွင် ဓါးပြမူ တိုက်မူ တစ်ခု ဖြစ်ပွားခဲ့ပြီး ဓါးပြတိုက်ရာတွင် ပါဝင်သူ မွတ်ဆလင် (၄) ဦးကို ရဲက သက်သေခံ အထောက်အထားများနှင့် အတူ ဖမ်းဆီးမိခဲ့သည်ဟု  သိရသည်။

နေရဉ္စရာ မှ ကူးယူသည်။

No comments:

Post a Comment