Sunday, February 10, 2013

ရခိုင်လူမျိုးတို့၏ သမိုင်းတစ်ခေတ်ကို လှစ်ဟ ပြနေသော သံဂျိပ်တစ်ပုဒ်

(မောင်ယိုး )၂ ( လေးလေး)၂ ….( လေးလေး)၂ (မောင်ယိုး)၂
တထောင်သုံးရာ သုံးခုဖြစ်လို့ ၊ ကောဇာသက္ကရာဇ်ရောက်သောခါ ၊ တန်းခူးမိဿာစိကြ ၊ လဆန်းပက္ခ ရှစ်ရက်တွင်၊ အာကာကောင်းကင် ၀ဲပျံလတ် ၊ ဂျပန်လီတပ် ဗုံးမိုးရွာ ၊ မြို့စစ်တွေမှာ ဖွဲပြာကျ ၊ အင်္ဂလိပ်က မခံနိုင်၊ ဦးကျော်ခိုင်ကို အပိုင်လွှဲ ၊ ထွက်ဗျာလ်ဗြီးလို့ တိုင်းပြည်ပြို ၊ ကုလားထိုထို သခင်သတ်၊ ရက်ချောင်းပင်ကပ် (ရက်ချောင်းရွာ) ၊ရှေးဦးစွာ ၊ မင်းပြားနယ်မှာ ၊ ညရွာလက်မ ၊ ဖွဲပြာကျလို့ အိမ်မမြင် ၊ ဗြုန်းဗြုန်းစင်ရေ ကုလားများ။ ကျောက်တော်ဖျားက ကုလားတေ ၊မောင်တောနယ်ကို တစ်ချို့ရောက် ၊တစ်ချို့ရောက်တေ ဘူးသီးတောင် ၊နှစ်ဟောင်းကုန်အောင် ဆူကာပွက် ၊ နှစ်သစ်တက်လို့ တစ်နှစ်ကုန် ၊ လကဆုန်တွင် သူပုန်ထ ၊ ဖုံညိုလိပ်ရွာက (ရသေ့တောင်မြို့နယ် မစဲကျွန်းမှ ရွာအမည်) စလာပြန် ၊
ရခိုင်ရွာမှာ ပြာအတိ ၊ညောင်ချောင်းအထိ မီးကြီးလောင်၊ ဘူးသီးတောင်နယ် ရွာအများ ၊ ရခိုင်ကုလား အားလုံးစင် ၊ ဂူတာပြင်က အစထား ၊ ကုလားရွာများ ကြွင်းကျန်ခါ ၊ မောင်တောနယ်မှာ တစ်ပြည်လုံး ၊လူပါပြုန်းလို့ မီးကြီးလောင် ၊ ရသေ့တောင်မှာ ချို့တ၀က်၊ ကုလားဖျက်သော ရွာကျောင်းတွေ ၊ မီးခိုးဝေေ၀ ထွက်မဆုံး ၊ အားလုံးပြုန်းလို့ ဖွဲပြာမြင် ၊ ရဟန်းရှင်လူ အလွန်ကြောက် ၊ အညာရောက်လို့ တစ်ချို့သီ ၊ ကုလားတိကို ပြန်ကာချ ၊၀ါသာဝ က ဦးစီးဆောင် ၊ မယူတောင်ကို ကျော်ဗျာလ်လား ၊ပင်လယ်နားမှာ ကုလားမြင် ၊ အကြွင်းမထင် ၊ အားလုံးပျောက် ၊ ကိုးတန်ကောက်နှင့် ကျောက်ပန်းတူ ၊ ကြီးငယ်မဟူ ဇာမရွီး ၊ ဆထက်ကဲလို့ ကုလားသီ ၊ ရွာကြီးရွာငယ် အားလုံးဖျက် ၊ ဂျပန်တက်လို့ ကြားကဖျိုင် ၊  အားမနိုင်လို့ သီးခံရ ၊ရန်ဒေါသကား မငြိမ်းယောင် ၊ ဗိုလ်ရန်အောင်ပါ သခင်မြ ၊( မာရုယာမ ၊ ဟာဒူုရီ  (ဂျပန်နာမည်မျာ)  စစ်မေလ်ထရီ ၊ တောင်ထရိုး ၊အုပ်ဗျာလ်စို့လို့ တန်ခိုးထောင် ၊ ဘူးသီးတောင်မှာ သင်္ဘောနစ် ၊  သုံးရာငါးကျိပ် လူများသီ ၊ ဗမာစစ်သည် ထွက်ဗျာလ်ဗြီး ၊ တန်းတင်တောင်ထဲ ဖြစ်၍ကျော် ၊ မြို့ကျောက်တော်ကို တစ်ချို့ရောက် ၊ အပေါက်ဝမှာ တစ်ချို့နိန် ၊ မယူကမ်းခြေ လူအများ ၊ သောကပွားလို့ ဒုက္ခခံ ၊ ကိုဂျပန်ကို ငြိမ်းအောင်ထိန်း ၊ သူပုန်မီးက ငြိမ်းသောခါ ၊ ပေါက်တောရွာမှာ တစ်တပ်ချ ၊  ပညာသီဟ ကြာလှအောင် ၊တမိုးအောင်ကုန် ခံတပ်ချ ၊ တန်းဆောင်မုန်းလ နတ်တော်မှာ ၊ သနင်္ဂဗျူဟာ တပ်စုံခင်းလို့ ၊ အပြင်းတိုက်လျှက် ချီတက်လာ ၊ ဝေဟင်နဘာ လီရဟတ် ၊ စက်သေနတ် နှင့် တက်ဗျာလ်ကူ ၊ ကုလားမဲ ဖြူ မီးနှင့်တိုက် ၊ သေနတ်ပစ်လို့ အပြင်း နှင် ၊ မယူကမ်းနိန် လူအများ ၊စွန့်ပစ်ထားရေ ရခိုင်မြီ ၊ ကျွဲနွား ရွှေ ငွေ အားလုံးမွဲ ၊ အညာဗြီးလို့ ကူလီခံ ၊တစ်ခါတရံ မကြုံဖူး ၊ ဂျပန်ဘီးလူး မာစတာ ၊ရွှေပြည်ဓညာ ပျက်အောင်ဖျက် ၊ အလွန်ရက်စက် မာစတာ ၊ လိပ်နှင့် ကန်မှာ(လိပ်နှင့် ကန် အင်္ဂလိပ်-အမေရိကန်) မှန်တောင်က ၊ (မှန်တောင်=မယူတောင်တန်းတွင်ရှိသော တောင်)၊ တပ်ကြီးချလို့ ခံတပ်တည် ၊ ရွာကြီး ရွာချေ ဇာမရွီး ၊ ဗုံးဗလကြဲလို့ လူများသီ ၊ လှေကြီးလှေငယ် မြင်သမျှ ၊ ပစ်ဗျာလ်ချလို့ အားလုံးကုန် ၊ ဆင်းရဲဖုံဖုံ ခံစားရ ၊ တပေါင်းလကျ ထိုအခါ ၊  ဂျပန်တိက မှန်တောင်တက် ၊ အတင်းဖျက်လို့ လိပ် ကန်သီ ၊ မယူတောင်ခြေ လူကောင်များ ၊ ခွီးကြောင် မစား တောင်ပိုင်ပုံ ၊ ရွီတွက်မကုန် စစ်အသုံး ၊ လက်ပစ်ဗုံးနှင့် အမြောက်ဆံ ၊ အဘိုးထိုက်တန် သေနတ်များ ၊ အ၀တ်အစား လက်နက်စုံ ၊ တောင်ပုံသဲပုံ ယူမခန်း ၊ ဗရမ်းဂန်း နှင့် ကျည်ဆံပုံ ၊ ပစ္စည်းလုံးစုံ ရခိုင်ဦး ၊ တစ်ယောက်တစ်မျိုး ကုန်ကြီးသွယ် ၊ အနယ်နယ် ကြိုကာဖြန့်ပီး ၊ လိပ်ကန်ပြီးလို့ များမကြာ ၊ ကိုယ့်တိုင်းပြည်ရွာ ကိုယ်ပြန်ရောက် ၊ ကုလားပျောက်လို့ ရခိုင်နိန် ၊ မယူကမ်းခြေ လူအများ ၊ လယ်လုပ်စားဖို့ နွားမမြင် ၊  ကျွဲနွားကုန်စင် အားလုံးသိမ်း ၊ အပူမငြိမ်း သောကလောင် ၊ ကျွဲတစ်ကောင်ကို တစ်ထောင်ကျ ၊ လယ်လုပ်မရ လူများစွာ ၊ လယ်ယာများစွာ တောကြီးဖြစ် ၊ ကောင်းကောင်းညစ်တယ် မာစတာ ၊ ရခိုင်ရို့မှာ ကူလီလုပ် ၊ တကုပ်ကုပ်နှင့် ကူလီခံ ၊ စပါးနှင့် ဆန် တင်ပီးရ ၊ အတက်အကျ ဗွေမယူ ၊ ကြီးငယ်မဟူ ဇာမရွီး ၊ ဟေ့ မပြေးနဲ့ ဘီ့တမာ ၊( ရာဘာ ရာဘာ(ဂျပန်စကား လာပါလာပါ))။  မူလာဥ၊ အိုဆုဘီန ၊ ဗာနာနာ ၊ ဆာကနာ(ဆာကနာ= ဖေ့သာ) ကို အများကြီး ၊  ထောင့်ငါးရာချီး မေခီးနော်  ။ တကယ်နာကို ယူလို့ပေး ၊ တယ်မဝေးဘူး အနီးနော် ၊ ဆန်းကျော် (ဆန်းကျော်=သူကြီး) ခေါ်၍ သူ့ကိုပြော။ အရိယာတော(အရိယာတော=လားကတ်မေ) လားကတ်မေ ၊ ရခိုင်တိမှာ ကူလီဖြစ် ၊ ကောင်းကောင်းမိုက်တေ မာစတာ ၊ ဒင်္ဂါးများစွား ထုတ်ကာပီး ၊ အုပ်ချုပ်ရေးက တဥာဏ်ဆင် ၊ တချို့ မခံ ရခိုင်များ ၊ ဆန်နှင့်စပါး ကုလားကို ၊ ငွေကိုလိုလို့ ရောင်းဝယ်မှ ၊ ဖက်ဆစ်ဝါဒ ပေါ်လာကာ ၊ လူများစွာမှာ ခါးပိန်ဖြစ် ၊ ထွက်ဗျာလ်ပစ်လို့ အများသီ။ ငုံ့ခံနိန်လို့ ဟန်မကျ ၊ ပညာသီဟ ဦးစိန္တာ ၊ ကြာလှအောင် ပါ ဗိုလ်ညိုထွန်း ၊ သေနတ်ထမ်းလို့ တော်လှန်ပြန် ၊ ဂျပန်လုံးစုံ ဆုတ်လို့ဗြီး ၊ အုပ်ချုပ်ရေးနှင့် ကမွန်းတိုင် ၊ မနိန်နိုင်လို့ ပြန်ဗျာလ်ဆုတ် ၊ ၀ါးရင်းတုတ်နှင့် ရိုက်သတ်ကာ ၊  မလာကာ(သီခြင်း) သို့ ဂျပန်ရောက် ၊ နီပွန်ပျောက်လို့ ဗြိတိန်ပေါ်၊ စကားချိုချို မျက်နှာထား ၊ လိမ်ဥာဏ်များရေ တကယ့်လူ ၊  စာတန်းဖြူနှင့် တပါတ်ရိုက် ၊  ဂျပန်ခေတ်က လူကြီးငယ် ၊ အနယ်နယ်မှာ တမ်းဘောင်ချ ၊ ဖဆပလ သခင်ပေါ် ၊ အောင်ဆန်းဗိုလ်က အကြံရ ၊ ပြောက်ကျားတပ်မ တည်ထောင်ကာ ၊ ကဠုန် (ကဠုန်ဦးစော) နှင့် ပင် အကြံထုတ်၊ တစ်နည်းလုပ်ဖို့ အရကိုင် ၊ ဥာဏ်မပိုင်လို့  အနိုင်ပို ၊ ဗိုလ်ချုပ်အောင်ဆန်း အတ်တလီ ၊ ဇန်န၀ါရီ အချိန်ကျ ၊  လွတ်လပ်ရေးက ရဖို့ဗျာ ၊ မုချမသွယ် အတည်ပြု ၊ လေးဆယ့်ရှစ်ခု ရောက်သောခါ ၊ ဗမာပြည်မှာ ကိုယ်ပိုင်ရ ၊ ဂျာနရီ (ဂျာနရီ=ဇန်န၀ါရီ) ကမှတ်ပါလေ ။ လိမ်ဥာဏ်ဆင်လို့ ပြောစကား ၊ လူထုများက မကြည်ညို ၊  ၀ါးစည်းပြီသို့  ပြိုကာကွဲ ၊  လက်နက်ဆွဲလို့  တိုက်ဖို့ ဆင် ၊ တောကိုဝင်လို့ တစ်ချို့ခြောက် ၊  သေနတ်ဖေါက်လို့ ဆူဆူညံ ၊  တိုက်သံခိုက်သံ ညံမစဲ ၊ ၀ါခေါင်လထဲရောက်သောခါ ၊ ဗိုလ်အောင်ဆန်းပါ ၀န်ကိုးယောက် ၊ သေနတ်ဖေါက်လို့ ထိုးမှောက်နိန် ၊ ကိုးယောက်သီလို့ အတည်ပြော ၊ ကဠုန်စော ကို ဖမ်းယူခါ ၊  သခင်နု မှာ ဥက္ကဌ  ဖဆပလ ဦးစီးကိုင် ၊ လက်ရှိပြည်ပိုင် အစိုးရ ၊ စည်းကမ်းတကျ အုပ်ချုပ်ပါ ၊ ကဠုန်နှင့် လူငါးယောက် ၊ လူပါပျောက်လို့ အသက်သီ ၊ လူထုဆွေလို့ တရားဟော ၊ စကားနှင့်ပြော ဥာဏ်ပလီ ၊ ဇန္န၀ါရီ လေးရက်တည်း၊ လွတ်လပ်ရေးပြီး ကြေငြာသံ ၊ ဆူဆူညံညံ ပြောင်းအမြောက် ၊ အကြောင်းမထောက်အတ်တလီ ၊ စာချုပ်စီလို့ အတင်းပီး ၊ လွတ်လပ်ရေးက ယောင်တောင်တောင် ၊ လျော်ကြေးကုန်အောင် အားလုံးချ ၊ ကုဋေတစ်ရာ့ငါးဆယ်ကျော် ၊ လူတစ်ယောက်မှာ တစ်ရာကျ တစ်ခုပိုင်လေ့ မလွတ်နိုင် ၊မပီးနိုင်ဟု တစ်စုပြ၊ ဗိုလ်လင်္ကျာက တဥာဏ်ဖွေ ၊ ရဲဖြူတိနှင့် တောကိုထွက် ၊ ဆူကာပွက်လို့ အတင်းကြံ ၊ ကုလားရန်က အလွန်ကြီး ၊ ရန်ချင်းရေနီ ကာဆိန်းပိုင် ၊ မယူတောင်ပေါ် ရုံးတော်ဆောက် ၊ အကောက် ကောက်လို့ ရန်ချင်းပြိုင် ၊ ပြည်ရခိုင်မှာ လူအများ၊ သောကအိုနှင့် ပြောမကုန်၊ ကမ်းကုန်ယမ်းကုန် လုံးစုံမိုက် ၊ ဒမြတိုက်လို့ ပပြောင်စင် ၊ ရွှေငွေလုံးစုံ အားလုံးပျောက် ၊မောင်ကောင်းလောက်နန့် သုံးစွဲခါ၊ သုခချမ်းသာ ဇာမဟိ ၊ ဆားငပိနန့် ပတုန်းရှည် ၊ ငါးခြောက်ဝယ်လို့ စားသောက်ရ ၊ ရွှေစ ငွေစ အားလုံးစင် ၊ စပါးခြင်လို့ အရောင်လား ၊ စစ်သားများနှင့် ထမ်းလို့ယူ ၊ စိတ်ပူပူနှင့် ငွေကိုင်ပီး ၊ တုတ်နှင့်ဆွဲလို့ လိုက်ပို့ပြန် ၊ ပါကိစ္စတန် ပိုင်နက်ရောက် ၊ ကာဆိန်းအကောက် လေးဆယ်ကျော် ၊ပြောက်ကျားဗိုလ်က ရှယ်ယာတောင်း ၊ ထက်အောက်ပေါင်းက နှစ်ဆယ်ပါ၊ ကူလီခနှင့် လှေခပေး၊ ငွေအနည်းငယ် လက်မှာတင်၊  ဖဲပွဲဝင်လို့ အတင်းထိုး ၊ အရင်းအတိုး ပြောင်ပြောင်ကုန်၊ ရင်တုန်တုန်နှင့် အိမ်ပြန်ရောက် ၊ စပါးကောက်လို့ အကြွေးဝယ် ၊ အ၀ယ်တော်ကို လိုက်ဗျာလ်လား ၊  ပါစပါးကို အားလုံးခြင်၊ တောင်းတစ်ရာလျှင် ဆယ်ကျော်ပျောက်၊ ငွေမလောက်လို့ ဆိုင်းငံ့သော်၊ တလကျော်ကျော် ငွေမရ ၊ စားစရိတ်က ကြီးလာပြန်၊ လူထုများစွာ ဒုက္ခဆိုက်၊ အပူတိုက်နှင့် မကင်းချေ ၊စိတ်ပျော်စရာ ဇာမဟိ၊ သောကကြီးလို့ လူများသီ၊ အခုခေတ်မှာ လူအများ ၊ သတိထားဖို့ လှေခြင်းဆို၊ မောင်းယိုး ၂ လေးလေး၂ လေးလေး၂ မောင်ယိုး၂  မောင် ယိုး လေး ၀ါး ၊။ . . . . . . .
(အတွဲ ၁ ၊ အမှတ် ၈ ၊ ရခိုင်တန်ဆောင် မဂ္ဂဇင်း 1959-1960)
ဤသံချပ်ကို ရေးစပ်သီကုံးခဲ့သူမှာ  ရဟန်းပုဂ္ဂိုလ်တစ်ပါးဖြစ်သည်ဟု သိရှိခဲ့ရသော်လည်း  ဘွဲ့တော်ကို တပ်အပ်သေချာ စွာ မသိရတော့ပါ၊

No comments:

Post a Comment